TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211373 372
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

တောင်ကြီး အောက်တိုဘာ ၉

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်သို့တင်ပြပြီး အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရာက်မှု အခြေအနေကို အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၆ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်နယ်အစိုးအဖွဲ့မှ တင်သွင်းခဲ့သည့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးထင်အောင်နိုင်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ပြည်နယ်စီမံကိန်းစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ဆွေးနွေးရှင်းလင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာကာတတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး (ပဉ္စမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(‌တောင်ကြီး)

https://t.me/iprdrnd/211373

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
More from @iprdrnd
  1. Oct 10, 2026တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ကျောက်မျက်ခွဲခြားခြင်း ပညာအောင…
  2. Oct 10, 2026တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ကျောက်မျက်ခွဲခြားခြင်း ပညာအောင…
  3. Oct 9, 2026မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရမှ e-Government စနစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေး…
  4. Oct 9, 2026အစိုးရ၏ Online ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများ…
  5. Oct 9, 2026အစိုးရ၏ Online ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများ…
  6. Oct 9, 2026လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ ပြန်လည်ထု…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →