TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211464 399
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ကျောက်မျက်ခွဲခြားခြင်း ပညာအောင်လက်မှတ်သင်တန်း (၁/၂ဝ၂၆) သင်တန်းပြီးမြောက်ခြင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် အောက်တိုဘာ ၁၀

ထားဝယ်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၏ အစီအစဉ်ဖြင့် ဘူမိဗေဒဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျောက်မျက်ခွဲခြားခြင်းပညာအောင်လက်မှတ်သင်တန်း (၁/၂၀၂၆) သင်တန်းပြီးမြောက်ခြင်း အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။

ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ထားဝယ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ထားဝယ်တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယနေ့အခမ်းအနားသည် ထားဝယ်တက္ကသိုလ်၌ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့သော ကျောက်မျက်ခွဲခြားခြင်းပညာ သင်တန်းတစ်ရပ်အောင်မြင်စွာ ပြီးဆုံးသည်ကို အသိအမှတ်ပြုရုံသာမက ထားဝယ်တက္ကသိုလ်အတွက်ရော၊ တိုင်းဒေသကြီးအတွက်ပါ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း၊ ကျောက်မျက်ခွဲခြားခြင်းပညာဆိုသည်မှာ အလှအပနှင့် တန်ဖိုးရှိသောပစ္စည်း တစ်မျိုးကိုသာ လေ့လာခြင်းမဟုတ်ဘဲ သဘာဝဘူမိဖြစ်စဉ်များမှ နှစ်ပေါင်းများစွာအတွင်း ဖြစ်ပေါ်လာသော သဘာဝရတနာ အမွေအနှစ်မျာကို ဘူမိဗေဒ၊ ရူပဗေဒနှင့်ဓာတုဗေဒဆိုင်ရာ အသိပညာများဖြင့် ပေါင်းစပ်သင်ယူပြီး လက်တွေ့အသုံးချရသော အဆင့်မြင့်သိပ္ပံပညာရပ်တစ်ခုဖြစ်ကြောင်း၊ ယခုပညာရပ်သည် ကျောက်မျက်ရတနာများ၏ အရည်အသွေးနှင့် တန်ဖိုးကိုမှန်ကန်စွာ သတ်မှတ်ပေးနိုင်ရန်၊ ဈေးကွက်အတွင်း မသမာမှုများကို တားဆီးပြီး ကျောက်မျက်ဝယ်ယူ သူများ၏ ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်ရန် စံချိန်စံညွှန်းမီတရားမျှတသည့် ရောင်းဝယ် ဖောက်ကားမှုဖြစ်ပေါ်စေရန်အတွက် အလွန်အရေးကြီးသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ရရှိထားသော ပညာနှင့်ကျွမ်းကျင်မှုကို မှန်ကန်ရိုးသားစွာအသုံးချပြီး မိမိတို့ဘဝ မိသားစု၊ လုပ်ငန်းခွင်နှင့်ဒေသအတွက် အကျိုးပြုနိုင်သော ကျွမ်းကျင်သူများဖြစ်လာရန်၊ ထားဝယ်တက္ကသိုလ်၏ ပညာရေးဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်တိုးတက်စေရန်၊ တိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်များကို ပညာ၊ နည်းပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် တန်ဖိုးမြှင့်တင်နိုင်ကြစေရန်၊ ဒေသတွင်း ကျောက်မျက်ရတနာကဏ္ဍဖြင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ထူးချွန်သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ပြီး သင်တန်းပြီးမြောက်ခြင်း အောင်လက်မှတ်များ ပေးအပ်သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်ပင်မဆောင် နောက်ဘက်၌ တည်ဆောက်လျက်ရှိသော ထားဝယ်တက္ကသိုလ် (၁၈၀' x ၁၆၀') နှစ်ထပ် Recreation Center တည်ဆောက်ရေးလုပ်ငန်းများနှင့် ထားဝယ်တက္ကသိုလ် စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/211464

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👏 2
More from @iprdrnd
  1. Oct 10, 2026တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သရက်ချောင်းဒေသအတွင်းရှိသဘာဝ ဘေးက…
  2. Oct 10, 2026တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သရက်ချောင်းဒေသအတွင်းရှိသဘာဝ ဘေး…
  3. Oct 10, 2026ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌စု ပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှ…
  4. Oct 10, 2026ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌စု ပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှ…
  5. Oct 10, 2026စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း…
  6. Oct 10, 2026စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →