တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သရက်ချောင်းဒေသအတွင်းရှိသဘာဝ ဘေးကြုံတွေ့ခဲ့ရ သည့်ပြည်သူများ၊ တပ်နယ်မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
ထားဝယ် အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းကထား ဝယ်ခရိုင်၊ သရက်ချောင်းဒေသအတွင်းရှိ သဘာဝဘေးကြုံ တွေ့ခဲ့ရသည့်ပြည်သူများနှင့် တပ်နယ်မိသားစု ဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက သရက်ချောင်းတပ်နယ်၊ အမှတ် (၄၀၅) ခြေမြန်တပ်ရင်းခန်းမ၌ တပ်နယ်အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံ၍အမှာစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်ခန်းမ၌ သဘာဝ ဘေးကြုံတွေ့ခဲ့ရသည့်ပြည်သူများနှင့် တွေ့ဆုံပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စု ၁,၆၀၅ စုတို့အတွက်အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ၂၆,၇၀၀ ကျပ်နှင့် အသုံးအဆောင်ပစ္စည်း ၅ မျိုးစီအား ထောက်ပံ့ပေးအပ်ရာ ပြည်သူ များကိုယ်စား ကိုယ်စားလှယ်များက လက်ခံယူသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် က အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ၏ စားဝတ်နေရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် အရေးပေါ် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ထောက်ပံ့မှုအားများ ပြည်သူ့လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရေးနှင့်သဘာဝ ဘေးကြုံေတွ့ခဲ့ရသည့်ပြည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေးအတွက်မြေပြင်စာရင်းများကိုစနစ်တကျ မှန်မှန်ကန်ကန် ကောက်ယူထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ၊ အခြေခံအဆောက်အအုံများ ကိုလမ်းပန်းဆက်သွယ်ရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် သက်ဆိုင်ရာဌာနများ၊ နယ်မြေခံတပ်မတော်သားများနှင့် ပူးပေါင်းကာ အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုအပြီးတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ဘေးမှကင်းဝေးစေရန် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘပြည်သူများ အနေဖြင့် စိတ်ဓာတ်မကျဘဲ ပုံမှန်လူနေမှုဘဝသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစိုးရအဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများအားလုံး လက်တွဲကာ အရှိန်အဟုန်မြှင့် ကူညီပံ့ပိုး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သရက်ချောင်းမြို့နယ်၊ မဟာစည်လမ်းရှိ မြို့မဈေးကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့မရပ်ကွက်ရေတံ ခွန်လမ်းရှိရေတိုက်စားမှုကြောင့်ပျက်စီးသွားခဲ့သည့် သံကူကွန်ကရစ်တံတားနှင့်သရက်ချောင်းမြို့ ပေါ်ရပ်ကွက် များသို့လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ သန့်ရှင်းရေးလုပ် ငန်းများဆောင်ရွက်ရန် စက်ယန္တရားများ၊ စက်သုံးဆီများနှင့် အခြားလိုအပ်ချက်များကို ထပ်မံဖြည့်စည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီးလိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
https://t.me/iprdrnd/211503
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211503
321
- 🥰 1