မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရမှ e-Government စနစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏သတင်းအချက်အလက် အခြေခံအဆောက်အအုံများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိက ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်းနှင့် e-Government စနစ်တွင်ပါဝင်သည့် Online ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဆိုက်ဘာတိုက်ခိုက်ခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သတင်းအချက်အလက်များအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်၍ ခိုးယူခြင်း၊ ၎င်းအချက်အလက်များအား ငွေကြေးများဖြင့် ပြန်လည်ရယူစေရန် ခြိမ်းခြောက်တောင်းခံခြင်း၊ တရားမဝင် ခိုးယူရရှိထားသည့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား Online မှတစ်ဆင့် ဖြန့်ဝေ၍ ခြိမ်းခြောက်သူများကိုလည်း ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
https://t.me/iprdrnd/211459
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211460
190
- 👏 4
- ❤ 1