ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆောင်းသီးနှံများအား လျာထားဧက ပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး မြေအစိုဓါတ်ရှိချိန် အချိန်မီ စိုက်ပျိုးသွားရန်မှာကြား
ပဲခူး အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိုးသီးနှံရိတ်သိမ်းသည့် ကာလဖြစ်သော်လည်း ပြင်းထန်သော အယ်နီညို ဖြစ်စဉ်ကြောင့် ဆောင်းသီးနှံလျာထားဧကများ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြေအစိုဓါတ်ရှိချိန် အချိန်မီစိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ ချောင်းပိတ်/မြောင်းပိတ်များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်၍ စိုက်ပျိုးရေအား အကျိုးရှိရှိသုံးစွဲကြရန် ဖြစ်ကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံစေရေးအတွက် လအလိုက် တိုးချဲ့မွေးမြူသွားရမည့် စီမံချက်ပါအတိုင်း မွေးမြူနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စားဖိုဆောင်သီးနှံများ ကိုလည်း နေအိမ်အလိုက် စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်သလို ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်စေရေးအတွက် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ လူတိုင်း KG+9 အတန်းပညာ သင်ယူတတ်မြောက်စေရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အပူရှိန်မြင့်မားလာမှုကြောင့် ဒေသတွင်း လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိစေရေး အပူရှောင်စခန်းများကို ကြိုတင်ပြင်ဆင်ခြင်းနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မိုးစပါးရိတ်သိမ်းထွက်ရှိမှု၊ ဆောင်းသီးနှံ စတင်စိုက်ပျိုးနေမှုနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိမှုများကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်တင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့် အခြေအနေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တင်ပြချက်များအပေါ် အကြံပြုတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)
https://t.me/iprdrnd/211231
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211231
227
- ❤ 2
- 👍 2