ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ဖလမ်းမြို့ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲတက်ရောက်၊ ဖလမ်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ အေးချမ်းစွာပညာ သင်ကြားနေမှုအား ကြည့်ရှုအားပေး
ဖလမ်း အောက်တိုဘာ ၈
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရ အဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီ ဝင်များနှင့်အတူ အောက်တိုဘာ(၈) ရက်နေ့တွင် ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့်ဖလမ်းမြို့ ဘာသာရေးခေါင်းဆောင်များ၊ရပ်မိရပ်ဖများ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့တက်ရောက်သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ချင်းပြည်နယ်၏ အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စေတနာထားဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ ချင်းပြည်နယ်အတွင်းအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အကြမ်းဖက် ဖြစ်စဥ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေအဆောက် အအုံများကိုလည်း အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုသည်လည်း အရေးကြီးသည့်အတွက် လတ်တလောတွင်ယာယီ ဆေးရုံဖွင့်လှစ်ကုသပေးလျက်ရှိပြီး လိုအပ်သည့်ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ပညာရေးနှင့်ပတ်သက်ပြီး အခြေခံ အဆောက် အအုံများပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး Grade 12 အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြ ရန်လိုကြောင်း၊ ဒါ့အပြင်လူငယ်များ နေရပ်ပြန်လာကာ ဒေသဖွံ့ဖြိုးရေးများတွင် ပါဝင်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ” ပြောကြားသည်။
ဆက်လက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်ပန်းဆက်သွယ်ရေး ဝန်ကြီးဦးနေလင်းအောင်က “ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ နှင့်အတူ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံပြည်သူများစည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက် ရန်အရေးကြီးကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများနှင့်ဆက်သွယ်ရေးရရှိရေး အတွက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသ အကျိုးကို ရှေးရှု၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း” ဆွေးနွေး ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများက တစ်ဦးချင်းမိတ်ဆက် စကား ပြောကြားကြသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများက ဒေသ၏လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီဝင်များ ဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်း၊ စိုက်ပျိုး မွေးမြူုရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးဝင်းလှိုင်ဦး၊ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးဌေးဝင်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာချုပ် ဦးသန်းထူးအောင် တို့ကရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးနှင့်ပြည်နယ် ဝန်ကြီးတို့ကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အောက်တိုဘာ(၇)ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းသို့သွားရောက်ကာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုများအား ကြည့်ရှုအားပေးပြီး ကျောင်းသား/ကျောင်းသူများအတွက် အာဟာရ ဖြည့်စွက်စာများ ပေးဝေခဲ့ ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်
https://t.me/iprdrnd/211268
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211268
289
- 👍 1
- 👏 1