TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211254 142

Forwarded from MRTV

ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဆွေးပုံ ပြုလုပ်နည်း ပညာပေးသင်တန်းပို့ချ
==============
ချင်း၊ အောက်တိုဘာလ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် အောက်တိုဘာလ (၈)ရက်က သဘာဝမြေဆွေးပုံ ပြုလုပ်နည်း ပညာပေးသင်တန်း ပို့ချသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မင်းသန့်က သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်ခြင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ ဝယ်ယူမှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်းနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ တောင်သူများ ဝင်ငွေ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းသားတောင်သူများကို သဘာဝမြေဆွေးပုံ ပြုလုပ်နည်းများ စာတွေ့လက်တွေ့ သင်ကြားပို့ချသည်။
သဘာဝမြေဩဇာနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို အောက်တိုဘာလ (၁၅)ရက်တွင် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ဟားခါးသတင်းဌာနခွဲ
  • 👍 2
More from @iprdrnd
  1. Oct 8, 2026မေးမြန်းဖြေကြား ပြည်သူ့အတွက် သတင်းစကား (၈-၁၀-၂၀၂၆)
  2. Oct 8, 2026ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ဖလမ်းမြို့ဘာသာရေး ခေါင်းဆောင်များ၊…
  3. Oct 8, 2026ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ဖလမ်းမြို့ဘာသာရေး ခေါင်းဆောင်များ၊…
  4. Oct 8, 2026မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(State Visit) သွားရောက်ခဲ့သည့် ပြည်ထောင…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →