မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
မကွေး အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို၊ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံ တပ်နယ်မှတာဝန်ရှိသူများ၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြတ်ဆရာ သီချင်းဖြင့်သီဆိုဖွင့်လှစ်ကြပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဖတ်ကြားပြီး တိုင်းဒေသကြီးပညာရေးမှူးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာကိုဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိကြသူများနှင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ထူးချွန်ဆရာအဖြစ်ရွေးချယ်ခံရသော ဆရာကြီးနှင့် အလယ်တန်းဆင့်၊ မူလတန်းအဆင့်ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ဆရာမ များအား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် တိုင်းဒေသကြီးပညာရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်များပေးအပ်သည်။
ဆက်လက်၍ အလက(၁)အထက(ခွဲ)ဆားစည့်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “အပြုံးလှတဲ့ဆရာ” သီချင်း၊ မကွေးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ခွင့်လွှတ်ပါဆရာ” သီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဘာ့ဆရာများနေ့ အထမ်းအမှတ် ခင်းကျင်းပြသထားသောပြခန်းငယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)
https://t.me/iprdrnd/210752
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210752
426
- 👍 2
- ❤ 1