တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
တပ်ကုန်း အောက်တိုဘာ ၄
နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီတို့မှ ကြီးကြပ်၍ တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာ အုပ်စု၊ ကံကြီးမွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အောက်တိုဘာ ၄ရက် နံနက်ပိုင်းက အဆိုပါမွေးမြူရေးဇုန်တွင် ကျင်းပခဲ့သည်။
ထိုစိုက်ပျိုးရာတွင် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မွေးမြူရေးဇုန်လုပ်ငန်းရှင်အဖွဲ့များ၊ စုစုပေါင်း ၁၅၀ ဦးဖြင့် ပိတောက်၊ ခရေ၊ ဆီသပြေ၊ မန်ကျည်း၊ စိန်ပန်း၊ မယ်ဇလီ၊ စုစုပေါင်း ၃၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/iprdrnd/210650
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210651
433
- 👍 4