ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့ထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနှစ်ချုပ်၊ အပိုင်း(၂)
ဒုတိယပိုင်းအစီအစဉ်တွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်အမှာစကား ပြောကြားရာတွင်
■ မြန်မာနိုင်ငံကို ဈေးကွက်တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များ ချိတ်ဆက်နိုင်သည့် ရေရှည်မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင် ပူးပေါင်းကြရန် မလေးရှားစီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ပါသည်။
■ ထို့အပြင် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများဖြင့် အာမခံ ချက်ပေးထားပြီး တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ဖော်ဆောင်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ကုန်ကြမ်းအရင်းအမြစ်များနှင့် မလေးရှားနိုင်ငံ၏ နည်းပညာများကို ပေါင်းစပ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကုန်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံကို အခြေပြု၍ တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရန် အနာဂတ်တွင် Myanmar–Malaysia Business Forum ကို ပိုမိုကျယ်ပြန့်စွာ ကျင်းပသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
■ ထို့အပြင် မြေပြင်အခြေအနေမှန်နှင့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ မီဒီယာများ၏ ဖော်ပြချက်များနှင့် မြေပြန်အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေများအကြား ကွာခြားချက်များ ရှိသဖြင့် “Seeing is Believing” (ကိုယ်တိုင်မြင်မှ ယုံကြည်နိုင်မည်) ဆိုသည့်အတိုင်း မလေးရှား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက် ကြည့်ရှုလေ့လာ ကြရန်နှင့် မလေးရှား-မြန်မာ စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်အတွက် ဖိတ်ခေါ်ခဲ့ ပါသည်။
ထို့နောက် မလေးရှားနိုင်ငံမှ စီးပွားရေးအသင်းအဖွဲ့များနှင့် ကုမ္ပဏီကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးတင်ပြခဲ့ကြပါသည်-
■ MMC Ports (မလေးရှားနိုင်ငံ ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်ရေးကုမ္ပဏီစု)။ ဆိပ်ကမ်းစီမံခန့်ခွဲမှု၊ သယ်ယူပိုဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံ ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့ပါသည်။
■ IOI Corporation Berhad (မလေးရှားနိုင်ငံ စားအုန်းဆီစိုက်ပျိုးထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းကုမ္ပဏီ)။ စိုက်ပျိုးရေးနှင့် စားအုန်းဆီ ကဏ္ဍ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုမှ ဈေးကွက်အထိ Supply Chain ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့ပါသည်။
■ FMM (မလေးရှားနိုင်ငံ ကုန်ထုတ်လုပ်ငန်းရှင်များအသင်းချုပ်)။ Agro-processing၊ Automation၊ Packaging၊ Cold Chain နှင့် Logistics ကဏ္ဍများတွင် ပူးပေါင်း၍ Local Assembly၊ Joint Production နှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှု တိုးမြှင့်နိုင်ရေး အခြေအနေများ ဆွေးနွေးခဲ့ပါသည်။
■ Revolution Technology Group (မလေးရှားနိုင်ငံ စက်မှုအလိုအလျောက်စနစ်နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ လုပ်ငန်းစု) ။ Smart Factory၊ Automation၊ Robotics နှင့် Digitalisation နည်းပညာများ အသုံးချရေးအပြင် Renewable Energy နှင့် Battery Energy Storage System (BESS) တိုဖြင့် စက်မှုလုပ်ငန်းများ၏ စွမ်းအင် တည်ငြိမ်မှုနှင့် ထိရောက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။
■ NCCIM (မလေးရှားနိုင်ငံ အမျိုးသားကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်)။ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား Business-to-Business (B2B) ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါသည်။
■ Southern Steel Berhad (မလေးရှားနိုင်ငံ သံနှင့်သံမဏိထုတ်လုပ်ရေးကုမ္ပဏီ)။ သံမဏိထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံစီမံကိန်းများ အတွက် သံမဏိပစ္စည်းများ ထောက်ပံ့ရေး၊ ပြည်တွင်းသံမဏိပစ္စည်း ပြုပြင် ထုတ်လုပ်ရေး ပူးတွဲစက်ရုံများ တည်ထောင်ရေးနှင့် နည်းပညာလွှဲပြောင်းရေး ဆွေးနွေးခဲ့ပါသည်။
Post #4103
697

- ❤ 12
- 👍 2
- 🥰 2
- 👏 1
- 💯 1
- 🏆 1