TGViewer
Head of State Head of State @leaderaung · 12K subscribers
Post #4102 797
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်​၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့ထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနှစ်ချုပ်၊ အပိုင်း(၁)
 
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)နှင့် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ ဦးစီးကျင်းပပြုလုပ်သည့် အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ခြင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းနှင့် မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။
 
■ မြန်မာ–မလေးရှားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပဆောင်ရွက်ခြင်း
 
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် ၁၄၃၀ နာရီမှ ၁၆၀၀ နာရီထိ InterContinental Kuala Lumpur ဟိုတယ်၌ မြန်မာ–မလေးရှားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)နှင့် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ် ၈၀ ဦးဖြင့် ပထမပိုင်းအစီအစဉ်နှင့် ဒုတိယအစီအစဉ် နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
 
ပထမပိုင်းအစီအစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက “Myanmar Economy at a Glance” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်း ခဲ့ပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေနှင့်ပတ်သက်၍ ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀ ဘီလီယံရှိခဲ့ပြီး မြန်မာနိုင်ငံမှ မလေးရှား နိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၅ သန်းခန့်နှင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းမှု တန်ဖိုး ဒေါ်လာ ၁ ဒသမ ၄၂ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုကွာဟချက် လျှော့ချနိုင်ရေးနှင့် မြန်မာ့ ပို့ကုန်တိုးမြှင့်ရေးကို အလေးထားဆွေးနွေးခဲ့ပါသည်။
 
တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်၊ ရာဘာနှင့် ရေထွက်ကုန်များကို မလေးရှားနိုင်ငံ၏ နည်းပညာ၊ စက်မှုကျွမ်းကျင်မှုနှင့် နိုင်ငံတကာ ဈေးကွက်ချိတ်ဆက်မှုများဖြင့် ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရေး၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံရေး၊ Solar နှင့် Battery Energy Storage System (BESS) စီမံကိန်းများ ဖော်ဆောင်ရေးတို့ကို ရှင်းလင်းခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် မလေးရှားလုပ်ငန်းရှင်များအတွက် ဈေးကွက်အချက် အလက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်များ၊ စက်မှုဇုန်များနှင့် ပြည်တွင်းစီးပွားရေး မိတ်ဖက်များ ချိတ်ဆက်ပေးရေးတို့ကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
  • ❤ 9
  • 👍 2
  • 🥰 1
  • 💯 1
More from @leaderaung
  1. Oct 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်​၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ…
  2. Oct 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်​၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ…
  3. Oct 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်​၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ…
  4. Oct 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်​၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ…
  5. Oct 10, 2026မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် နိုင်ငံ…
  6. Oct 9, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →