TGViewer
Head of State Head of State @leaderaung · 12K subscribers
Post #4104 1.55K
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်​၏ ၇-၁၀-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့ထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနှစ်ချုပ်၊ အပိုင်း(၃)
 
■ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်း
 
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် ၁၀၀၀ နာရီမှ ၁၀၄၅ နာရီထိ ဝန်ကြီးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာ-မလေးရှား နှစ်နိုင်ငံဆွေးနွေးပွဲ (Extended format) တက်ရောက်၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်-
 
■ နှစ်နိုင်ငံဆက်ဆံရေးနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု။ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ၂၀၂၈ ခုနှစ်တွင် ကျရောက်မည့် မြန်မာ–မလေးရှား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အစီအစဉ်များ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
 
■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု။ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ကုန်၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ Business Forum၊ MSME နှင့် Digital Trade လုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက် ဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြပါသည်။
 
■ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ။ ပညာသင်ဆုအစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာများ အပြန်အလှန်ဖလှယ်ရေး၊ သုတေသနနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးအပြင် ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
 
■ အလုပ်သမားရေးရာ။ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့် အရေး၊ လုပ်ငန်းခွင်လုံခြုံရေးနှင့် လူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်ရေး၊ တရားဝင် လမ်းကြောင်းမှ စနစ်တကျ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး၊ ဗီဇာနှင့် အလုပ် လုပ်ကိုင်ခွင့်ပါမစ်ဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။
 
■ မြန်မာနိုင်ငံသားများ နေရပ်ပြန်လည်ခေါ်ဆောင်ရေး။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား များအား လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် နေရပ်ပြန်လည် ခေါ်ဆောင်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသူများကို နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်ရေး၊ မလေးရှား နိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ် စေရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
 
■ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး။ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား သတင်းအချက် အလက်ဖလှယ်ရေးနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများအား စိစစ်ဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
 
■ အာဆီယံနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များ။ အာဆီယံ ပဋိညာဉ်၊ အာဆီယံဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus)၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးနှင့် အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
 
■ သဘာဝဘေးအန္တရာယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး။ ၂၀၂၅ ခုနှစ် မန္တလေးငလျင်အတွင်း မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ခဲ့မှုအခြေအနေ၊ အရေးပေါ်ဆေးကုသရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများအရေး နှင့် နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီးသူများအား ပြန်လည် လက်ခံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
 
■ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ရေး။ သံတမန် ရေးရာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်သမ္မတက မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် မလေးရှားဘုရင်မင်းမြတ်တို့ အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။
  • ❤ 14
  • 👍 2
  • 🥰 1
  • 👏 1
  • 💯 1
  • 🏆 1
More from @leaderaung
  1. Oct 13, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ သက်တော်ရှည်ဆရာတော်ကြီးအား ကျန်းမာရေးစော…
  2. Oct 12, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွ…
  3. Oct 12, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့်…
  4. Oct 12, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ…
  5. Oct 12, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်…
  6. Oct 12, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာဗိမာန် စာက…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →