ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ်တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Website
YouTube
TikTok
X(Twitter)
Facebook
Telegram
Post #4120
592




- ❤ 7
- 👍 2
- 💯 1