TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.3K
Links
32.2K

Showing posts older than #210769 · Back to latest

Older Posts 9 shown
Post #210764 366

Forwarded from Head of State

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြားသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန် ထည့်သွင်းမှာကြားသည်။

Website

YouTube

TikTok

X(Twitter)

Facebook

Telegram
  • 👍 1
Post #210763 423
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ဆက်လက်ကျင်းပ

မန္တလေး အောက်တိုဘာ ၅

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် . စတုတ္ထပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ကို အောက်တိုဘာ ၅ရက် နံနက် ၁၀နာရီက မန္တလေးအောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌တွင် အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့်လေ့လာသူ ၁၀၀ စုစုပေါင်း ၁၇၂ ဦး တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၄ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကို နံနက် ၁၁ နာရီတွင် ရပ်နားပြီး အစည်းအဝေး(နဝမနေ့)ကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

MMT

https://t.me/iprdrnd/210763

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210761 398
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ဆက်လက်ကျင်းပ
  • 👍 2
Post #210760 471
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
 
မုံရွာ အောက်တိုဘာ ၅
 
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။
 
ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “လမ်းပြကြယ်” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
 
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လိူင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ဖတ်ကြားသည်။
 
ဆက်လက်၍ ကုလသမဂ္ဂလက်အောက်အဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သည့် စုပေါင်းသဝဏ်လွှာအား တိုင်းဒေသကြီးပညာရေးမှူးက ဖတ်ကြားသည်။
 
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကန့်တော့ခံ ဆရာကြီး/ ဆရာမကြီးများအား ကန်တော့ပစ္စည်းများအား လက်ရောက်ပူဇော်ကန် တော့ခဲ့ကြပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရားကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
 
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ကြသည်။
 
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
 
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး အဆင့် အထက်တန်း၊ အလယ်တန်း ဆုရစာစီစာကုံးများနှင့် ကဗျာများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။      
 
တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/210760

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👏 1
Post #210756 420
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Post #210755 484
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြတ်ဆရာ” တေးသီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၊ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာရွှေစင်အိက ဖတ်ကြားသည်။ ယင်းနောက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပန်းပျိုးသူ”တေးသီချင်းဖြင့်လည်းကောင်း၊ ဆရာ၊ ဆရာမများက “ပန်းကလေးများရဲ့ဥယျာဉ်မှူး” တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဆရာ” တေးသီချင်းဖြင့်လည်းကောင်း သရုပ်ဖော်ဖျော်ဖြေကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုလွှာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)

https://t.me/iprdrnd/210755

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 5
  • 👏 1
Post #210753 373
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
  • 👍 5
Post #210752 426
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မကွေး အောက်တိုဘာ ၅

၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို၊ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံ တပ်နယ်မှတာဝန်ရှိသူများ၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြတ်ဆရာ သီချင်းဖြင့်သီဆိုဖွင့်လှစ်ကြပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဖတ်ကြားပြီး တိုင်းဒေသကြီးပညာရေးမှူးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာကိုဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိကြသူများနှင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ထူးချွန်ဆရာအဖြစ်ရွေးချယ်ခံရသော ဆရာကြီးနှင့် အလယ်တန်းဆင့်၊ မူလတန်းအဆင့်ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ဆရာမ များအား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် တိုင်းဒေသကြီးပညာရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်များပေးအပ်သည်။

ဆက်လက်၍ အလက(၁)အထက(ခွဲ)ဆားစည့်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “အပြုံးလှတဲ့ဆရာ” သီချင်း၊ မကွေးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ခွင့်လွှတ်ပါဆရာ” သီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဘာ့ဆရာများနေ့ အထမ်းအမှတ် ခင်းကျင်းပြသထားသောပြခန်းငယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

https://t.me/iprdrnd/210752

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
  • ❤ 1
Post #210748 374
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
  • ❤ 2
  • 👍 1
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →