TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.4K
Links
32.3K

Showing posts older than #210675 · Back to latest

Older Posts 9 shown
Post #210674 429

Forwarded from MRTV

မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၂၅) မိနစ်၊ (၀၉) စက္ကန့်အချိန်တွင် ‌ညောင်ဦးမြေငလျင်စခန်းမှ အနောက်ဘက် (၉၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့၏ တောင်ဘက် (၂၇) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Post #210668 507

Forwarded from MRTV

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ သပိတ်ကျင်းမြို့တွင် ၀.၇၉ လက်မ၊ ကော့သောင်းမြို့တွင် ၀.၇၄ လက်မ၊ မချမ်းဘောမြို့တွင် ၀.၃၅ လက်မ၊ နမ့်စန်(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၀.၃၁ လက်မ၊ နွားထိုးကြီးမြို့တွင် ၀.၂၈ လက်မ၊ ပေါင်မြို့တွင် ၀.၂၄ လက်မ၊ မိုင်းဆတ်မြို့တွင် ၀.၂၀ လက်မ၊ ဖောင်ပြင်မြို့တွင် ၀.၁၆ လက်မနှင့် မိတ္ထီလာမြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ကျိုက္ခမီမြို့တို့တွင် ၀.၁၂ လက်မစီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
  • 👍 2
Post #210667 384
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ အောက်တိုဘာ ၄
         
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့သည်။         
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နည်းပညာတက္ကသိုလ် (တောင်ငူ)သို့ ရောက်ရှိခဲ့ကာ တာဝန်ခံဆရာမကြီးက နည်းပညာတက္ကသိုလ်(တောင်ငူ)ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နည်းပညာတက္ကသိုလ်(တောင်ငူ)ရှိ စာကြည့်တိုက်သို့ သွားရောက်ခဲ့ကာ သုတရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စာတွေ့လက်တွေ့ သင်ကြားရေးဆောင်များနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။          
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ဒေါ်ခင်နှင်းဦး၏ ဥစားကြက်ကောင်ရေ(၂၀၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး စဉ်ဆက်မပြတ် မွေးမြူနိုင်ရေးနှင့် ဇီဝလုံခြုံရေးအား အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။  ၎င်းနောက် ကေတုမတီရှေး ဟောင်းကျုံး မြောက်ဘက်၌ ဆလံချောပြုလုပ်နေမှုနှင့် ထီးလှိုင်လမ်းမှ တောင်ငူတက္ကသိုလ်သို့ ဆက်သွယ်ထားသည့် ၁၅ ပေအကျယ် ကတ္တရာလမ်းအား ၂၂ ပေ အကျယ် ကတ္တရာလမ်း ချဲ့ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။
          
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ဆင်စိပ် ကျေးရွာအုပ်စု၊ ရှားရားကုန်းကျေးရွာ၌ CAPI စနစ်ဖြင့် စံကွက်ရိတ်သိမ်း မှတ်တမ်းတင်နေမှုနှင့် တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ်စံပြကွက် ဧက(၁၀၀) စုပေါင်းရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ တစ်ဧကပျမ်းမျှ အစိုတင်း (၁၀၁.၃၅) ထွက်ရှိခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးရန်အတွက် ဆီထွက်ပဲပုတ်မျိုး စေ့နှင့် စားဖိုဆောင်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)

https://t.me/iprdrnd/210667

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210664 399
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Post #210663 380
သံဖြူဇရပ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လမြိုင် အောက်တိုဘာ ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ (၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ အစည်းအဝေးတွင် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ နာယကနှင့်ဥက္ကဋ္ဌတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယခင်နှစ်များက ကျင်းပခဲ့သည့် အာစရိယပူဇော်ပွဲအတွေ့အကြုံများနှင့် ယခုနှစ် (၁၂) ကြိမ်မြောက်ပူဇော်ပွဲကို ကျင်းပနိုင်ရေးဆိုင်ရာရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြများနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားဟောင်းများ အသင်းဝင်များနှင့် ဆရာ/ ဆရာမများက ကန်တော့ခံအငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဖိတ်ကြားရေး၊ ပူဇော်ကန်တော့ပစ္စည်းနှင့် အလှူငွေများ ကောက်ခံရရှိမှုအခြေအနေ၊ ပွဲကျင်းပမည့် ရက်စွဲနှင့် အစီအစဉ်များ၊ ဧည့်ခံကျွေးမွေးရေး၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပြန်ကြားရေးလုပ်ငန်းစဉ်များကို ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ အာစရိယပူဇော်ပွဲအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပရာ စေတနာရှင် ကျောင်းသားဟောင်းများနှင့် အလှူရှင်များက ပူဇော်ပွဲအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းပေးခဲ့ပြီး (၁၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်အသီးသီး ခွဲဝေအပ်နှင်းခဲ့ကြသည်။

အဆိုပါ (၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီးသည် အမိကျောင်းတော်ကြီးတွင် ပညာသင်ကြားခဲ့ကြသည့် ပြည်တွင်း/ပြည်ပရှိ ကျောင်းသား၊ ကျောင်းသူဟောင်းများ အားလုံးနှင့်သက်ဆိုင်သည့် ပူဇော်ပွဲကြီးဖြစ်သဖြင့် အဝေးရောက် ကျောင်းသားဟောင်းများအနေဖြင့်လည်း ပါဝင်လှူဒါန်း ကုသိုလ်ယူနိုင်ပါကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

https://t.me/iprdrnd/210663

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
  • ❤ 1
Post #210662 325
သံဖြူဇရပ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Post #210661 347
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း (၄၇) ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၄


မွန်ပြည်နယ်အတွင်း သံဃာတော်များ သာသနာ့ဝန်ထမ်းဆောင်ရာတွင် ဆွမ်းကိစ္စများ ပင်ပန်းဆင်းရဲမှုမရှိစေရေးနှင့် ဆွမ်းဝေယျာဝစ္စများ ပြည့်စုံစေရေးတို့အတွက် (၄၇)ကြိမ်မြောက် မြို့လုံးကျွတ်ဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒုံမြို့၊ မြို့မ (၄)ရပ်ကွက်၊ ဆွမ်းဆန်စိမ်းလောင်းလှူရေးမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာပင့်သံဃာတော်များမှ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၊ ဘုရားဝင်းမှ စုရပ်အဖြစ်စတင်ကြွချီ၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအတွက် လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ပြီး ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများက အစဉ်အတန်းလိုက် ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို သဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြမှုအပေါ် သဒ္ဓါကြည်ညိုကုသိုလ်ယူ ကြည့်ရှုအားပေး၍ လိုအပ်သည့် ဝေယာဝစ္စကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဘုန်းတော်ကြီးကျောင်း (၇၆)ကျောင်း၊ သီလရှင်ကျောင်း (၂၀)ကျောင်းတို့မှ ဆရာတော်ကြီးများ၊ ရဟန်း၊ သာမဏေ၊ သာသနာ့အနွယ်ဝင် သီလရှင်စုစုပေါင်း(၄၇၉၇)ပါး တို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)

https://t.me/iprdrnd/210656

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210656 335
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း (၄၇) ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်ရောက်
Post #210655 406
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ အောက်တိုဘာ ၄


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့နေပြည်သူများ သန့်ရှင်းသောလေကိုရှုရှိုက်၍ ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် ကန်သာယာကန်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ကန်အတွင်း ရေဆိုးများဝင်ရောက်မှုမရှိစေရေးအတွက် ရေဆိုးမြောင်းဆောင်ရွက်မည့် နေရာသို့ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရေဆိုးမြောင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေဆိုးမြောင်းဆောင်ရွက်မည့် လုပ်ငန်းများအား တာဝန်ရှိသူများမှ စနစ်တကျစီစစ်ကြပ်မတ် ဆောင်ရွက်သွားရေး၊ တည် ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အရည်အသွေးများနှင့်အညီ စံချိန်စံညွှန်းမီစွာဖြင့် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေဆိုးမြောင်း ဆောင်ရွက်မည့်နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

https://t.me/iprdrnd/210653

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →