TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.4K
Links
32.3K

Showing posts older than #210655 · Back to latest

Older Posts 12 shown
Post #210653 318
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
Post #210652 383

Forwarded from MRTV

၄-၁၀-၂၀၂၆ ရက်နေ့
=================
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
  • 👍 4
Post #210651 433
တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တပ်ကုန်း အောက်တိုဘာ ၄


နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီတို့မှ ကြီးကြပ်၍ တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာ အုပ်စု၊ ကံကြီးမွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အောက်တိုဘာ ၄ရက် နံနက်ပိုင်းက အဆိုပါမွေးမြူရေးဇုန်တွင် ကျင်းပခဲ့သည်။

ထိုစိုက်ပျိုးရာတွင် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မွေးမြူရေးဇုန်လုပ်ငန်းရှင်အဖွဲ့များ၊ စုစုပေါင်း ၁၅၀ ဦးဖြင့် ပိတောက်၊ ခရေ၊ ဆီသပြေ၊ မန်ကျည်း၊ စိန်ပန်း၊ မယ်ဇလီ၊ စုစုပေါင်း ၃၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

https://t.me/iprdrnd/210650

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 4
Post #210650 372
တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
  • 👍 3
Post #210649 412
ပဲခူးမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဆွေးနွေးပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပဲခူး အောက်တိုဘာ ၄


ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူငယ်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပဲခူးမြို့ စာပေဥယျာဉ်စာကြည့်တိုက်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် လူငယ်အသိပညာပေးဆွေးနွေးပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး လူငယ်စင်တာစာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသူများက ဆရာကျင့်ဝတ်အား သံပြိုင်ရွတ်ဆိုဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး လူငယ်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းက ကမ္ဘာ့ဆရာများနေ့နှင့်ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး) ဥက္ကဋ္ဌ အမျိုးသားစာပေဆုရ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး) က အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက ဆရာ့ကျေးဇူးများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အင်္ဂလိပ်စာစွမ်းရည် ဉာဏ်စမ်းမေးခွန်းများကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပါဝင်ဖြေဆို ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ပြိုင်ပွဲတွင် ပထမဆုရရှိသူအား တိုင်းဒေသကြီး လူငယ်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းကလည်းကောင်း၊ ဒုတိယဆု ရရှိသူအား အမျိုးသားစာပေဆုရ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး) ကလည်းကောင်း၊ တတိယဆု ရရှိသူအား ပဲခူးခရိုင် ပညာရေးမှူးရုံး လက်ထောက်ကြီးကြပ်ရေးမှူး ဦးစောဒေးဗစ်အုန်းခိုင်က လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူအား ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးမျိုးအာကာကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)

https://t.me/iprdrnd/210646

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
Post #210646 410
ပဲခူးမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဆွေးနွေးပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Post #210645 350
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ

ပဲခူး အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၈)မြို့နယ်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ ဂျပန်လမ်း ဘေး ဝဲယာ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊  အများနှင့်သက်ဆိုင်သော ပန်းခြံများ၊ လမ်းများနှင့် သောက်သုံးရေကန်များတို့တွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ၏ ပေါင်းစုအားဖြင့် စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

https://t.me/iprdrnd/210645


MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 3
Post #210640 293
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
Post #210639 319
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်

တောင်ငူ အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ (၂) ရပ်ကွက်ရှိ ဦးရဲလင်း၏ အေးမေတ္တာဆန်စက်နှင့် စပါးခွံလောင်စာတောင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်ရှိ ဦးဇော်မင်းထက်၏ သဇင်ဝါမုန့်လုပ်ငန်းသို့ သွားရောက်၍ အလုပ်ရုံအတွင်း စက်များ ပြင်ဆင်စမ်းသပ်လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ရှင်းလင်းဆောင်၌ တောင်ငူကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးက ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အားကစားပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ Server Room၊ စာကြည့်တိုက်တို့အား လှည့်လည်ကြည်ရှုခဲ့ပြီး သုတ/ရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများ ချီးမြှင့်သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီမြို့သစ်ရှိ လုပ်ငန်းရှင်ဦးစိုင်းဇာနည်၏ Pioneer ကော်ဖီမှုန့်လုပ်ငန်းနှင့် ဒေသထွက် စားသောက်ကုန်လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)

https://t.me/iprdrnd/210639

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
Post #210632 287
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်
  • 👍 2
Post #210618 369
‌ထားဝယ်ခရိုင်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် စက်ယန္တရားယာဉ်များနှင့် ကျွမ်းကျင်လုပ်သားများ မြိတ်မှထားဝယ်သို့ ထွက်ခွာ

မြိတ် အောက်တိုဘာ ၄


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် စက်တင်ဘာလ စတုတ္ထအပတ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေဘေးနှင့် မြေပြိုဘေးများ နေရာဒေသများတွင် ဖြစ်ပွားခဲ့ပြီး သဘာဝဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားယာဉ် (၁၉) စီးနှင့် ကျွမ်းကျင်လုပ်သားများသည် အောက်တိုဘာ (၃) ရက် ညနေပိုင်းက မြိတ်မှ ထားဝယ်သို့ ထွက်ခွာသွားကြသည်။

ထားဝယ်ခရိုင်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် စက်ယန္တရားယာဉ်များဖြင့် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် မြိတ်ခရိုင်ရှိ မြေတူးယာဉ် (၁၂) စီး၊ မြေကော်ယာဉ် (၃) စီး၊ ဆီဘောင်ဆာ (၁) စီး၊ သယ်ယူ ပို့ဆောင်ရေးယာဉ် (၁) စီး၊  မြေသယ်ယာဉ် (၁) စီး၊ အုပ်ချုပ်ထောက်ပံ့ယာဉ်(၁)စီးနှင့် ကျွမ်းကျင်လုပ်သားများ ပြည်ဖြိုးထွန်း (၉) ရေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။

ထို့သို့ သဘာဝဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ရန် စက်ယန္တရားယာဉ်များ ရေယာဉ်ပေါ်သို့ တင်ဆောင်နေမှုအား မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြ၍ သွားရောက်ကူညီဆောင်ရွက်ကြမည့် စက်ယန္တရားယာဉ်မောင်းများ၊ ကျွမ်းကျင်လုပ်သားများနှင့် အုပ်ချုပ်သူများကို အားပေးစကားပြောကြားပြီး အသုံးစရိတ်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

https://t.me/iprdrnd/210618

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 2
  • 👍 1
Post #210616 340
‌ထားဝယ်ခရိုင်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် စက်ယန္တရားယာဉ်များနှင့် ကျွမ်းကျင်လုပ်သားများ မြိတ်မှထားဝယ်သို့ ထွက်ခွာ
  • 👍 1
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →