TGViewer
Channel Public Channel
MOI

MOI

@iprdrnd

To inform, To educate and To entertain
Subscribers
20.3K
Photos
106K
Videos
58.4K
Links
32.3K

Showing posts older than #210616 · Back to latest

Older Posts 10 shown
Post #210615 401
ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ပူတာအိုမြို၌ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

ပူတာအို အောက်တိုဘာ ၄

ပူတာအိုခရိုင်၊ ပူတာအိုမြို့ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့သည် မြန်မာပြည်မြောက်ဖျားပိုင်းခရိုင် မြို့ဖြစ်သည့်အတွက် မြို့သန့်ရှင်းသာယာလှပရေးကို အလေးထားလုပ်ဆောင်သွားကြရေး၊ စည်ပင်သာယာရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ပြီးစီးအောင် အလေးထားဆောင်ရွက်ကြရေးနှင့် ဝန်ထမ်းများအနေဖြင့် ယခုလို တာဝန်ထမ်းဆောင်မှုကို ကျေးဇူးတင်ရှိကြောင်း၊ ပူတာအိုမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စည်ပင်သာယာဖွံ့ဖြိုးလာစေရေး ယခုထက်ပိုမို ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ခိုင်က စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ရုံးဝန်ထမ်းများအတွက် မုန့်လက်ဆောင်များနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် ရုံးဝင်းအတွင်းရှိ ပျိုးဥယျာဉ်၌ မြို့သာယာလှပရေးအတွက် ပျိုးထောင်စိုက်ပျိုးထားသည့် ပျိုးပင်များကို လည်းကောင်း၊ ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသို့ သွားရောက်ပြီး ဈေးအတွင်း ဈေးဆိုင်များဖွင့်လှစ်ရောင်း ဝယ်ဖောက်ကားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဈေးသန့်ရှင်းမှုရှိစေရေးနှင့် စနစ်တကျရှိစေရေး မှာကြားခဲ့ကာ မြို့မရပ်ကွက်ကုန်းဆင်းနေရာ၌ စည်ပင်သာယာရေးအဖွဲ့က ရာဇီပန်းခြံအဖြစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

https://t.me/iprdrnd/210615

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 3
  • ❤ 1
Post #210613 303
ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ပူတာအိုမြို့၌ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ
  • 👍 1
Post #210612 318
ကရင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် ကမမောင်းမြိုသိုရောက်ရှိနေသည့် ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲမှ ဆန်၊ ဆီ၊ ရီက္ခာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကမမောင်း အောက်တိုဘာ ၄


ကရင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် ကမမောင်းမြို့သို့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ရိက္ခာများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများ၏ လက်ရှိ အခက်အခဲများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမြဲတမ်းစာနာနားလည်လျက်ရှိပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်က ပြည်သူများ၏ စားဝတ်နေရေးနှင့် အခြေခံလိုအပ်ချက်များ အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများကို တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ယာယီနေရပ်စွန့်ခွာပြည်သူများက ၎င်းတို့၏ လက်ရှိနေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုပ်ကိုင်စားသောက်ရေးဆိုင်ရာ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန် ရိက္ခာများကို ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်သို့ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ရာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား မြို့မိ၊ မြို့ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဖာပွန်မြို့နယ်၊ ကမမောင်း ကိုးနဝင်းဘုန်းတော်ကြီး ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအတွက် (၇/၂၀၂၆) လ မှ (၉/၂၀၂၆) လ အထိ (၃) လစာလှူဒါန်း ငွေကျပ် ကျပ် ၉,၀၀၀,၀၀၀/- (ကျပ်ကိုးဆယ်သိန်းတိတိ) ကိုလည်း တာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းလှူဒါန်းပေးခဲ့ပါကြောင်း၊ ကမမောင်းပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသော လူနာများနှင့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး လှည့်လည်ကြည့်ရှုအားပေး စကား ပြောကြားခဲ့ကြပြီး၊ အာဟာရဖြည့်စွက်စာများဖြစ်သည့် ကြက်ဥနှင့် ခေါက်ဆွဲခြောက် (မားမား)များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပန်တော်ရိပ်စာကြည့်တိုက်သို့ ဆက်လက်သွားရောက်ခဲ့ကြပြီး စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှုနှင့် စာဖတ်ပရိသတ်များ အဆင်ပြေချောမွေ့စွာ လေ့လာဖတ်ရှုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် အမှတ် (၄) အခြေခံပညာအလယ်တန်း ကျောင်းသို့ ဆက်လက်သွားရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID တို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။

ကမမောင်း(ပြန်/ဆက်)

https://t.me/iprdrnd/210612

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
Post #210609 276
ကရင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် ကမမောင်းမြို့သို့ရောက်ရှိနေသည့် ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ရီက္ခာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
  • 👍 2
Post #210606 292
လွိုင်ကော်မြို့တွင် လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်တည်ဆောက်ရေးနှင့် သီရိမင်္ဂလာ ဈေးသစ်(တတိယပိုင်း)တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

လွိုင်ကော်     အောက်တိုဘာ      ၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် လွိုင်ကော်လေဆိပ် အရေးကြီးပုဂ္ဂိုလ် နားနေဆောင်တည်ဆောက်နေမှုနှင့်  သီရိမင်္ဂလာဈေးသစ် (တတိယပိုင်း) တည်ဆောက်နေ မှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အရေးကြီးပုဂ္ဂိုလ် နားနေဆောင် (၆၈ ပေx ၃၆ ပေ x ၁၅ ပေ) RC တစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများဖြစ်သည့် ရေစင်၊ ရေစုကန်၊ မိလ္လာကန်၊ ယာဉ်ရပ်နားရန်နေရာ၊ အတွင်းအုတ်ခြံ စည်းရိုး၊ ကွန်ကရစ်လမ်း တည်ဆောက်ခြင်းနှင့် မြေယာအလှပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း များနှင့်အညီတည်ဆောက်နိုင်ရေးနှင့် သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် သီရိမင်္ဂလာဈေးသစ်(တတိယပိုင်း) Steel Structure တစ်ထပ်ဈေးရုံ ၁၄ ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ Steel Structure နှစ်ထပ် ဈေးရုံ ၄ ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့က လုပ်ငန်းအပိုင်းအလိုက် စဉ်ဆက် မပြတ်စစ်ဆေးရန်၊ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဈေးရုံအတွင်း ရှိ ဆိုင်ခန်းများနှင့် ပျံကျဈေးအတွင်းရှိ သားငါးတန်းများတွင် ရောင်းဝယ်ဖောက်ကားနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဈေးသူဈေးသားအားများ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

https://t.me/iprdrnd/210606

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
Post #210603 286
လွိုင်ကော်မြို့တွင် လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်တည်ဆောက်ရေးနှင့် သီရိမင်္ဂလာ ဈေးသစ်(တတိယပိုင်း)တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်
Post #210602 326
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌အေးကျော် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် အောက်တိုဘာ ၄

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့  အောက်တိုဘာလ ၁ ရက်နေ့က တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံ ကြမ်းခင်း လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း ဘိလိယက်နှင့်စနူကာ အားကစားရုံသစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်၍ ဘိလိယက်နှင့်စနူကာ အားကစားရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ အားကစားရုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး‌ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် (U-19)  အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ကိုးသိန်းအားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အငြိမ်းစားဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

https://t.me/iprdrnd/210602

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
Post #210596 329
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌အေးကျော် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
  • ❤ 1
  • 👍 1
Post #210595 243
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရေပြန်လည်ကျဆင်းသဖြင့် လေးမျက်နှာမြိုနယ်ရှိ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နေမှုများကိုကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့သဖြင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာ ယခုအခါတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြု ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြား ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး “ရေပြန်လည်ကျဆင်းပြီဖြစ်သဖြင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်အတိုင်းပညာသင်ကြားနိုင်ပြီဖြစ်ပါကြောင်း၊ ရေကျော်စီးဝင်ပြီး စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရသောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ခန်းစာများ နောက်ကျမှုမရှိစေရေးနှင့် ပြန်လည်အစားထိုးသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာပေကို ကြိုးစားသင်ယူကြရန်၊ ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို အလေးထားလိုက်နာပြီး မိမိတို့၏ပညာရည်တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားကြရန်” အားပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စခန်းသွင်းသင်ကြားပေးနေသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာ ချက်ပြုတ်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍  ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမပြတ်တောက်စေရေး၊ ယာယီပိတ်ခဲ့ရသည့် ကာလအတွင်း သင်ခန်းစာများကို ပြန်လည်အစားထိုးသင်ကြားပေးနိုင်ရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောသောက်ရေ၊ သုံးရေများရရှိရေး၊ စားသောက်နေထိုင်ရေးကိစ္စရပ်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ရေသန့်စက်၊ ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

https://t.me/iprdrnd/210595

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
Post #210592 227
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရေပြန်လည်ကျဆင်းသဖြင့် လေးမျက်နှာမြို့နယ်ရှိ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နေမှုများကိုကြည့်ရှုစစ်ဆေး
Older posts →
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →