ကချင်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပူတာအိုမြို့နယ် မကျော့ဝါကျေးရွာအဝင် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းခွင်နေရာ ကွင်းဆင်းစစ်ဆေးပူတာအို အောက်တိုဘာ ၄သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် HSP Myanmar ကုမ္ပဏီမှ တင်ဒါအောင်ဆောင်ရွက်မည့် ပူတာအိုမြို့နယ်၊ မကျော့ဝါကျေးရွာအဝင် သံကူကွန်ကရစ်တံတား အလျား ၈၀ပေ အကျယ် ၂၀ပေ တည်ဆောက်ခြင်းလုပ်ငန်းခွင်နေရာကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့နှင့်အတူ အောက်တိုဘာ ၃ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်၍ ဒေသခံပြည်သူများ အချိန်မီအသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါ မကျော့ဝါကျေးရွာအဝင် သံကူကွန်ကရစ်တံတားဆောင်ရွက်ပြီးစီးပါက မကျော့ဝါကျေးရွာမှ အိမ်ခြေ(၂၀၈)အိမ်၊ လူဦးရေ(၁၂၉၇)ဦးတို့အတွက် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာစေမည့်အပြင် ကျန်းမာရေး၊ ပညာရေးနှင့်စီးပွားရေးလုပ်ငန်းကဏ္ဍများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
https://t.me/iprdrnd/210575MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23kFor IOS
https://rb.gy/vgdhqcSubscribe to Myanmar Newspaper
https://t.me/myanmarnewspaperSubscribe to The Global New Light of Myanmar
https://t.me/gnlmonSubscribe to MOI
https://t.me/iprdrndView to mTube Video Streaming Platform
https://mtube.gov.mm