TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #210602 326
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌အေးကျော် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် အောက်တိုဘာ ၄

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(U-18) ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့  အောက်တိုဘာလ ၁ ရက်နေ့က တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံ ကြမ်းခင်း လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း ဘိလိယက်နှင့်စနူကာ အားကစားရုံသစ်ဖွင့်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်၍ ဘိလိယက်နှင့်စနူကာ အားကစားရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ အားကစားရုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး‌ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် (U-19)  အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ကိုးသိန်းအားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး အငြိမ်းစားဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

https://t.me/iprdrnd/210602

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 1
More from @iprdrnd
  1. Oct 17, 2026ချင်းပြည်နယ်၊ တီးတိန်မြို့ ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် 100mA Fixed Type Digital X-ray…
  2. Oct 17, 2026ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) အထူးမ…
  3. Oct 17, 2026CMP ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှို…
  4. Oct 17, 2026ကျန်းမာရေးဝန်ကြီးဌာနမှ ထူးချွန်အားကစား မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား…
  5. Oct 17, 2026တောင်ကြီးမြို့၊ အိမ်တော်ရှေ့၊ တောင်ကြီးဟိုတယ်ရှေ့ ထင်းရှူးတောအတွင်း စုပေါင်းသန့်ရှင်းရေး ဆ…
  6. Oct 17, 2026အာကာသပြတိုက် (ရန်ကုန်) သို့ အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →