ထို့မှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တီးတိန်မြို့၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာ “ပြန်လည်ထူထောင်ရေးကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိပါက နောက်ဆက်တွဲဆိုးကျိုးသာရရှိနိုင်သဖြင့် ဒေသခံပြည်သူများမှ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးကောင်းမွန်စေရေး တွန်အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး၊ အဂတိကင်းရှင်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပါ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး ဦးနေလင်းအောင်မှ “တီးတိန်မြို့တွင် ဌာနဆိုင်ရာရုံးများပုံမှန်လည်ပတ်နေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝလည်း ပုံမှန်နီးပါးလည်ပတ်နေပြီဖြစ်သည့်အတွက် လက်ရှိအခြေအနေအား ထိန်းသိမ်းထားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်သိစိတ်အပြည့်ဖြင့် ပြည်သူများကို တန်းတူဆက်ဆံ ဝန်ဆောင်မှုပေးရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးများဆောင်ရွက်ရာတွင် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် မလိုလားအပ်သောလုပ်ရပ်များ မဖြစ်ပွားစေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်” ဆွေးနွေးပြောကြားသည်။ ထို့နောက် တီးတိန်မြို့၊ မြို့မိမြို့ဖများကိုယ်စား မြို့မိမြို့ဖတစ်ဦးမှ ဒေသလိုအပ်ချက်များကို တင်ပြရာ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းဖြေကြားပေးသည်။ တင်ပြချက်များနှင့် ရှင်းလင်းဖြေကြားချက်များအပေါ် လိုအပ်ချက်များကို ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယာယီမြို့နယ်ဦးစီးမှူးရုံးတွင် လမင်းစီမံချက်ဖြင့် ဒေသခံကလေး (၅၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
https://t.me/iprdrnd/212139
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #212140
444
- 👍 2