ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
NCA (၁၁) နှစ်မြောက်နှစ်ပတ်လည့်နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် ပြောကြားသည်။
ထိုသို့ပြောကြားရာတွင် ပြည်နယ်တစ်ခုသည် လူမျိုး တစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဆိုပါဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေး ထားဖို့လိုကြောင်းပြောကြားသည်။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေသည်နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေကိုလည်း ထိခိုက်စေခဲ့ပါကြောင်း။
ထို့ကြောင့်ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Post #212075
365
