TGViewer
Channel Public Channel
PPIB.Official

PPIB.Official

@ppibofficial

Single Source Of Truth.
Subscribers
5.17K
Photos
2.5K
Videos
311
Links
802
Recent Posts 8 shown
Post #3051 676
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ

နေပြည်တော်၊ အောက်တိုဘာ ၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲအား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 22
  • 👍 5
  • 👏 1
  • 🏆 1
  • 🫡 1
Post #3050 524
"ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံမင်္ဂလမုတ္တမံ။"

၁။အကြားအမြင်များခြင်း။

၂။သိပ္ပအတက်ကို တက်ကျွမ်းခြင်း။

၃။ကောင်းသောကိုယ်ကျင့်တရားရှိခြင်း။

၄။ကောင်းသောစကားကိုပြောဆိုခြင်း။

ဤလေးပါးသည် မင်္ဂလာတရားမည်ပါသည်။

PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • 🙏 27
  • ❤ 5
  • 👍 2
  • 👏 2
  • 🏆 1
Post #3049 1.3K
President of the Republic of the Union of Myanmar, H.E. U Min Aung Hlaing to make Official Visit to Malaysia

At the invitation of His Excellency Dato’ Seri Anwar Bin Ibrahim, Prime Minister of Malaysia, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, will pay an Official Visit to Malaysia in the near future.
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 29
  • 👍 9
Post #3048 1.25K
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်

နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်။

မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်။

မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး နှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။

စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။

PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 34
  • 👍 14
Post #3047 1.27K
"တပေါ   စ  ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန  ဒဿနံ။ နိဗ္ဗာန သစ္ဆိကိရိယာ  စ၊  ဧတံ မင်္ဂလမုတ္တမံ။"

၁။အလိုအကြိုက် မလိုက်မပါ  ခြိုးခြံစွာကျင့်ခြင်း၊

၂။မဂ်ဖိုလ်ရကြောင်း အကျင့်ကောင်းကိုကျင့်ခြင်း၊

၃။သစ္စာလေးတန်အမြင်မှန်ရအောင် ကြည့်ရှုခြင်း၊

၄။ဘဝငြိမ်းအေးမှုကိုပြန်လည်မျက်မှောက်ပြုခြင်း၊

ဤလေးပါးသည် မင်္ဂလာတရားမည်ပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • 🙏 51
  • ❤ 28
  • 👍 5
  • 🥰 1
  • 👏 1
Post #3043 1.58K
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတ က လိုအပ်သည်များလမ်းညွှန်မှာကြား

တရားမဝင်သည့် နည်းလမ်းများဖြင့်အလုပ်အကိုင်နှင့်ဝင်ငွေများရှာဖွေ ရရှိနေကြခြင်းကြောင့် တရားဝင်ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မှုများအားနည်းပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့်ဆက်လက်တည်မြဲနေခြင်းဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်လျက်ရှိနေခြင်းဖြစ်ကြောင်းနိုင်ငံတော်သမ္မတကပြောကြားသည်။

အယ်လ်နီညိုရာသီ ဥတုဒဏ်ကိုကျော်ဖြတ်နိုင်ရေးအတွက်သောက်သုံးရေနှင့် စိုက်ပျိုးရေများထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ စုဆောင်းခြင်း၊ မလိုလားအပ်ဘဲရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ကြာရှည်စွာအထားခံ စားသောက်၍ ရနိုင်သည်များကို စုဆောင်းထားရှိခြင်းနှင့် သီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်း၊မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန်မှာကြားသည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 32
  • 👍 21
  • 💯 2
Post #3037 1.56K
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန် နိုင်ငံတော်သမ္မတမှာကြား

လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုအတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် အဓိကကျသည့်ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေများကိုနှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 22
  • 👍 15
  • 💯 2
Post #3032 1.42K
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • 👍 30
  • ❤ 14
  • 👏 1
Older posts →

About this channel

How can I read @ppibofficial without a Telegram account?
TGViewer shows the public web preview Telegram publishes for PPIB.Official: recent posts, photos, videos and the subscriber count, with no app, login or account.
How many subscribers does PPIB.Official have?
PPIB.Official (@ppibofficial) has 5.17K subscribers on Telegram, refreshed roughly every 30 minutes.
Does PPIB.Official know I viewed it here?
No. Public channel previews carry no viewer identity, and TGViewer has no accounts or tracking of what you look up.
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →