TGViewer
PPIB.Official PPIB.Official @ppibofficial · 5.2K subscribers
Post #3051 1.53K
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ

နေပြည်တော်၊ အောက်တိုဘာ ၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲအား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 42
  • 👍 28
  • 👏 2
  • 🏆 1
  • 🫡 1
More from @ppibofficial
  1. Oct 7, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံ…
  2. Oct 7, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင…
  3. Oct 7, 2026President U Min Aung Hlaing embarks Official Visit to Malaysia PPIB Links Youtube | Tiktok…
  4. Oct 7, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မလေးရှားနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထ…
  5. Oct 7, 2026နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ နိုင်ငံ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →