နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် မလေးရှားနိုင်ငံအတွင်း၌ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများရှိကြပြီး မြန်မာသံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်၍ တတ်နိုင်သမျှထိန်းသိမ်း စောင့်ရှောက်ပေးသွားရန် လိုကြောင်းပြောကြားသည်။
၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ဘေး ကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတ ကပြောကြားခဲ့သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Post #3072
347



- 👏 6
- ❤ 4
- 👍 1
- 🥰 1
- 🎉 1