TGViewer
PPIB.Official PPIB.Official @ppibofficial · 5.19K subscribers
Post #3054 792
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit)ကို ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် ခန့်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြသည်။

ထိုသို့ ရောက်ရှိရာတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိက်လှဲ နွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • ❤ 22
  • 👍 6
  • 💯 1
More from @ppibofficial
  1. Oct 7, 2026President U Min Aung Hlaing embarks Official Visit to Malaysia PPIB Links Youtube | Tiktok…
  2. Oct 7, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မလေးရှားနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထ…
  3. Oct 7, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင…
  4. Oct 7, 2026"ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ဝါစာ၊ ဧတံမင်္ဂလမုတ္တမံ။" ၁။အကြာ…
  5. Oct 6, 2026President of the Republic of the Union of Myanmar, H.E. U Min Aung Hlaing to make Official…
  6. Oct 6, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →