TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #211898 210
ဘုတ်ပြင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း  အောက်တိုဘာ  ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန်ရည်မှန်း၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသန်းထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဇော်မိုးမြင့်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သုံးသပ်ဆွေးနွေးပွဲဆောင်ရွက်ရခြင်းနှင့် စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများနှင့်  စီမံကိန်းကျေးရွာကော်မတီဝင်များက စီမံကိန်းနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြုလိုသည့်အချက်များအား သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

https://t.me/iprdrnd/211898

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
More from @iprdrnd
  1. Oct 13, 2026ဘုတ်ပြင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင…
  2. Oct 13, 2026ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်…
  3. Oct 13, 2026ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်…
  4. Oct 13, 2026ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ခြင်း
  5. Oct 13, 2026အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြ…
  6. Oct 13, 2026ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး စနစ်တကျလက်ဆေးပေး
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →