TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211472 246
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း (၁၉၂) ကြိမ်မြောက် မော်လမြိုင် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား၊ ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၁၀

မွန်ပြည်နယ်အတွင်း သံဃာတော်များ သာသနာ့ဝန် ထမ်းဆောင်ရာတွင် ဆွမ်းဝေယျာဝစ္စများ ပြည့်စုံစေရေးတို့အတွက် (၁၉၂)ကြိမ်မြောက် မြို့လုံးကျွတ်ဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံရှေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူရေးမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ ပင့်သံဃာတော်များမှ ဇေယျာသီရိရပ်ကွက်၊ လောကမာရဇိန် ငွေဘုံသာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးမှ စုရပ်အဖြစ်စတင်၍ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက် ကြွချီကာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။
 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအတွက် လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ပြီး ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများက အစဉ်အတန်းလိုက် ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို သဒ္ဓါတရား ထက်သန်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြမှုအပေါ် သဒ္ဓါကြည်ညိုကုသိုလ်ယူ ကြည့်ရှုအားပေး၍ လိုအပ်သည့် ဝေယာဝစ္စကိစ္စရပ်များကို ကုသိုလ်ယူဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဘုန်းတော်ကြီးကျောင်း (၃၀၈) ကျောင်း၊ သီလရှင်ကျောင်း (၆၃) ကျောင်းတို့မှ ဆရာတော်ကြီးများ၊ ရဟန်း၊ သာမဏေ၊ သာသနာ့ အနွယ်ဝင် သီလရှင် စုစုပေါင်း (၁၀၇၇၆) ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူ ခဲ့ကြကြောင်း သိရှိရသည်။

မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ (၆) လတာကာလ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေး ကဏ္ဍအဖြစ် စိုက်ပျိုးရေများ၊ သွင်းအားစုဓာတ်မြေဩဇာများ လုံလောက်စွာရရှိစေရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေးတို့အပြင် မွေးမြူရေးကဏ္ဍအဖြစ် သား၊ ငါး ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်သူတစ်ရပ်လုံးမှ ပါဝင်လာအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို တင်ပြပေးကြလိုအပ်ကြောင်း၊ ပြည်နယ် အတွက် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းသည်  နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးခြင်းကို အထောက်အကူပြုနိုင်သည့် တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် အမှာစကား ပြောကြာခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ  ရှင်းလင်းဌာနတစ်ခုချင်းစီအလိုက် ပြည်နယ်ဝန်ကြီးများက တင်ပြချက်များနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အကြံပြုဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စည်သူ(ပြန်/ဆက်)

https://t.me/iprdrnd/211472

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 1
  • 👍 1
More from @iprdrnd
  1. Oct 10, 2026တွန်းဇံမြို့နယ် တစ်မြို့နယ်လုံးရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော အဆောက်အဦ စုစုပေါင်း (၄…
  2. Oct 10, 2026ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ဖလမ်းခရိုင်နှင့် မြိုနယ်ဌာနဆိုင်ရာမ…
  3. Oct 10, 2026ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ…
  4. Oct 10, 2026တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သရက်ချောင်းဒေသအတွင်းရှိသဘာဝ ဘေးက…
  5. Oct 10, 2026တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သရက်ချောင်းဒေသအတွင်းရှိသဘာဝ ဘေး…
  6. Oct 10, 2026ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌စု ပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →