ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် ချင်းပြည်နယ် ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနှင့် သူနာပြုသိပ္ပံကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဌာနပိုင် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး
ဖလမ်း အောက်တိုဘာ ၇
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ကျန်းမာရေးဌာနအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ (၆) ခန်းတွဲ (၂) ထပ် ပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ သူနာပြုအိမ်ရာ (၈) ခန်းတွဲ RC (၂) ထပ်ဆောင်ပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ဆရာဝန်အိမ်ရာ (၄) ခန်းတွဲ RC (၂) ထပ်ဆောင်ပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ဆေးရုံအုပ်ဒေါက်တာဆလိုင်းကျုံးစင်ထောင်းလွယ်မှ ဝန်ထမ်းအိမ်ရာ (၆) ခန်းတွဲ RC (၂) ထပ်တစ်လုံးအား ယာယီဆေးရုံအဖြစ် ပြောင်းလဲဆောင်ရွက်မည့်အစီအမံအား ရှင်းလင်းတင်ပြပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ဖြည့်စွက်တင်ပြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးရေးအတွက် လုပ်ငန်းစီမံချက်အတိုင်း စနစ်တကျဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ထမ်းများအား ပြုပြင်ပြီးစီးသည့်အိမ်ရာများတွင် ပြန်လည်နေရာချထားရေးအစီအစဉ်အား ရေးဆွဲဆောင်ရွက်ထားရန်၊ ဒေသခံပြည်သူများအား ပြည့်စုံသော လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အရေးကြီးသည့် အခြေခံအဆောက်အအုံများဖြစ်သည့်အတွက် လုပ်ငန်းများပြီးစီးသည်နှင့်တစ်ပြိုင်နက် ကျန်မာရေးဝန်ဆောင်မှု အမြန်လည်ပတ်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာဌာနများမှ သေချာစိစစ်ပြီး လွှဲပြောင်းလက်ခံဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့သူနာပြုသိပ္ပံ၊ ဘွဲ့နှင်းသဘင်ခန်းမဆောင် RC (၁) ထပ်အဆောက်အအုံအားလည်းကောင်း၊ သင်တန်းသူအိပ်ဆောင်၊ စာသင်ဆောင်နှင့် ကျောင်းအုပ်ကြီးရုံးခန်းအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အဆောက်အအုံများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးနှင့် သူနာပြုသိပ္ပံသင်တန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အထူးကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ (၆) ရက်နေ့ညနေပိုင်းတွင် တီးတိန်မြို့ပြည်သူ့ဆေးရုံနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံအတွက် ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများသည် တီးတိန်မြို့သို့ ရောက်ရှိပြီဖြစ်ရာ၊ တီးတိန်မြို့ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် အသုံးပြုမည့် 100 MA Fixed Type Digital ဓါတ်မှန်စက်အားအသုံးပြုနိုင်ရေး နေရာချဆောင်ရွက်ထားရှိပြီဖြစ်ကြောင်းနှင့် ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများအား တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့သို့ဆက်လက်ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)
https://t.me/iprdrnd/211051
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211051
297
- 👍 2