ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုကြိုဆို
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။
ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ် ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။
Website
YouTube
TikTok
X(Twitter)
Facebook
Telegram
Post #211155
57









