TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211177 253
မတ္တရာမြိုနယ်၌ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သော တောင်ပြုံးငယ်ကျေးရွာ ဓာတ်အားပြန်လည်ရရှိ

မတ္တရာ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြိုနယ်ရှိ ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သော ကျေးရွာများမှ ဓာတ်အားသုံးစွဲသူများ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း မတ္တရာမြိုနယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ဝန်ထမ်းများဖြင့်ဆောင်ရွက်ခဲ့ရာ တောင်ပြုံးငယ်ကျေးရွာတွင် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိခဲ့ပြီဖြစ်သည်။

အဆိုပါကျေးရွာ လျှပ်စစ်ဓါတ်အားဓာတ်အားလွှတ်ပွဲသို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုနယ်လျှပ်စစ်မန်နေဂျာ ဒေါ်မီလာဌေးနှင့်တာဝန်ရှိသူများ၊ ကျေးရွာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူးမှ ခလုတ်နှိပ်၍ ကျေးရွာအတွင်းသို ဓာတ်အားလွှတ်ပေးခဲ့သည်။

ယနေ့မီးလင်းသည့် တောင်ပြုံးငယ်ကျေးရွာ(11KV၊ 200KVA ထရန်စဖော်မာ)သည် မတ္တရာဓာတ်အားခွဲရုံမှ ဓာတ်အားပေးပိုသည့် ၂၁ ရွာမြောက်ဓာတ်အား ပြန်လည်ရရှိခြင်းဖြစ်ပြီး အဆိုပါကျေးရွာမှ အိမ်ခြေ(၈၆)အိမ်အား မီးချိတ်ဆက်ပေးနိုင်ခဲ့ကာ ကျန်ရှိ နေအိမ်များမီးလင်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ယနေ့အထိ တောင်ပြုံးဓါတ်အားခွဲရုံနှင့် မတ္တရာဓာတ်အားခွဲရုံမှ  အိမ်ခြေပေါင်း ၁၄၄၃၂ အိမ်သို လျှပ်စစ်ဓာတ်အားပေးနိုင်ပြီဖြစ်ကြောင်းသိရသည်။

ရွှေရာသား

https://t.me/iprdrnd/211173

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 2
More from @iprdrnd
  1. Oct 8, 2026မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မ…
  2. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို တရ…
  3. Oct 8, 2026တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ
  4. Oct 8, 2026တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ
  5. Oct 8, 2026တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ
  6. Oct 8, 2026တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →