TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212230 100
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ

ကျွန်တော်တို့အစိုးရအနေနဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အများဆန္ဒကို လေးစားရသလို လူနည်းစုရဲ့ဆန္ဒနဲ့ အခွင့်အရေးတွေကိုလည်း အလေးထားဖို့လိုအပ်ပါတယ်။ မိမိနဲ့သဘောထားမတူညီသူတွေကို ရန်သူအဖြစ် သတ်မှတ်တာ၊ ခွဲခြားဆက်ဆံတာနဲ့ လူ့အသိုင်းအဝိုင်းကဖယ်ကြဉ်တာတို့ဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီပါဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကိုရှောင်ရှားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။

ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ လူမျိုးစုတွေစုစည်းနေထိုင်ကြတဲ့ ပြည်ထောင်စုအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခွဲဝေကျင့်သုံးခြင်းဖြစ်ပါတယ်။ ဒီလိုအာဏာခွဲဝေမှုကတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြုခွင့်နဲ့ ကိုယ်ပိုင်တရားစီရင်ခွင့်တို့ကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့သဘောထားကို အလေးထားဖို့လိုပါတယ်။ ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်တွေကို ထိရောက်စွာအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနဲ့ အဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့ဆုံဆွေးနွေးမှုတွေကို အပိုင်း ၄ ပိုင်းခွဲပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ အလွတ်သဘောနဲ့ တရားဝင်ဆွေးနွေးမှုတွေကို လိုအပ်သလို ပြုလုပ်သွားမှာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲတွေကိုလည်း ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ထို့အပြင် NCA အရ တရားဝင်အစည်းအဝေးများနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးအထိ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာတွေ ချမှတ်ရေး၊ ငြိမ်းချမ်းရေးနဲ့အတူ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးနဲ့ လူ့အဖွဲ့အစည်းအတွင်းကွဲပြားမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို သုတေသနပြုပြီး ကာကွယ်တားဆီးရေးတို့ပဲဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ လုပ်ငန်းကော်မတီက လိုအပ်တဲ့အချိန်ဇယားနဲ့ မဟာဗျူဟာတွေ ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဟန်ချက်ညီညီ ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ

ကျွန်တော်တို့ အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ ကာလအတွင်းမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ၊ လက်မှတ်ရေးထိုးပြီး တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ရသေးတဲ့အဖွဲ့တွေ၊ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သက်ဆိုင်ရာကော်မတီတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ မြေပြင်လိုအပ်ချက်တွေအပေါ် အခြေခံကာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ ရေတိုအတွက်သာမဟုတ်ပါဘူး။ သားစဉ်မြေးဆက် လူငယ်တွေအတွက် တည်ငြိမ်တဲ့အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာ့အဆင့်မီနိုင်ငံတစ်ခုကို လက်ဆင့်ကမ်းအမွေပေးနိုင်ဖို့ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။
More from @iprdrnd
  1. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  2. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  3. Oct 15, 2026ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး…
  4. Oct 15, 2026ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းခ…
  5. Oct 15, 2026မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလ…
  6. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →