TGViewer
MOI MOI @iprdrnd · 20.3K subscribers
Post #212228 58
NCA (၁၁) နှစ်မြောက် နှစ်ပတ်လည့်နေ့အခမ်းအနားတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က Video Message ဖြင့် ပြောကြားသည့် အဖွင့်မိန့်ခွန်း

(၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)


ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကိုမောင်နှမများ ခင်ဗျာ

ဒီကနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား ချုပ်ဆိုနိုင်ခဲ့တာ (၁၁)နှစ်မြောက်တဲ့ မင်္ဂလာရှိတဲ့နေ့ပဲဖြစ်ပါတယ်။ အခုလိုအချိန်အခါသမယမှာ သဘောတူစာချုပ်စတင်လက်မှတ်ရေးထိုးချိန်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံတကာအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယနေ့ကျရောက်တဲ့ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အခက်အခဲနဲ့စိန်ခေါ်မှုများစွာကိုကျော်ဖြတ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို စတင်လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ NCA ဟာ သာမန်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မျှသာမဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ သဘောတူညီခဲ့ကြတဲ့ သမိုင်းဝင်နိုင်ငံရေး ကတိကဝတ်တစ်ရပ်လည်းဖြစ်ပါတယ်။

အတိတ်ကအတွေ့အကြုံတွေအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကိုသာဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်းကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်လည်း အမျိုးသားစည်းလုံးညီညွတ်မှုအားနည်းခြင်းဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
ယနေ့အချိန်မှာလည်း နိုင်ငံတော်အနေနဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကြားက ပြည်သူ့ဆန္ဒနဲ့အညီရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ

NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ငြိမ်းချမ်းရေးလိုလားမှုတွေကို ဖော်ပြထားတဲ့ သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံအုတ်မြစ်ဖြစ်သလို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ နိုင်ငံရေးမူဘောင်တစ်ခုလည်းဖြစ်ပါတယ်။

NCA စာချုပ်ကို တစ်ဦးတစ်ဖွဲ့တည်းက ရေးဆွဲခဲ့တာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကနဦးအဆိုပြုချက်တွေအပေါ်အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းကာ သဘောတူရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ဖိတ်ခေါ်တဲ့နေ့ကစပြီး NCA ရရှိခဲ့တဲ့အထိ ရက်ပေါင်း ၁,၄၅၀ အတွင်း အစည်းအဝေးနဲ့ တွေ့ဆုံညှိနှိုင်းမှု အကြိမ်ရေ ၅,၀၀၀ ကျော် ပြုလုပ်ခဲ့ကြတဲ့ ရလဒ်လည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ၊ DKBA ၊ KNU/KNLA-PC ၊ CNF ၊ PNLO ၊ ABSDF ၊ ALP နဲ့ RCSS စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က NCA ကို စတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှ သံတမန်တွေ၊ ပြည်တွင်းအသိသက်သေတွေရှေ့မှောက်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ LDU နဲ့ NMSP တို့ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့အထိရှိလာခဲ့ပါတယ်။
More from @iprdrnd
  1. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  2. Oct 15, 2026ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc…
  3. Oct 15, 2026ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး…
  4. Oct 15, 2026ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းခ…
  5. Oct 15, 2026မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလ…
  6. Oct 15, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →