ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နိုင်ငံရေးစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားပေးအပ်
==================================
ချင်း၊ အောက်တိုဘာ(၁၅)
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် အောက်တိုဘာ(၁၅)ရက်နေ့တွင် တီးတိန်မြို့ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် တီးတိန်မြို့၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ တီးတိန်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၊ သဒ္ဓမ္မဇောတိက ဓမ္မဗိမာန်တော်အတွင်း၌ ထေရဝါဒဗုဒ္ဓ သာသနာပြု ဗဟိုကျောင်းဆရာတော် အရှင်ပုညနန္ဒနှင့် ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်သင်တန်းကျောင်းသို့ သွားရောက်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် သင်တန်းသားအိပ်ဆောင်နှင့် စာကြည့်တိုက် ပြုပြင်ပြီးစီးမှု အခြေအနေများနှင့် အလုံးစုံပျက်စီးသွားသည့် အဆောက်အအုံအခြေအနေများကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း၊ နည်းပြဆောင် (ထင်းရှူးမြိုင် ရိပ်သာ)၊ ပစ္စည်းဂိုဒေါင်၊ စားရိပ်သာနှင့်မီးဖိုဆောင်၊ သင်တန်းခန်းမနှင့် သင်တန်းသူ အိပ်ဆောင် ပြုပြင်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပျက်စီးသွားသည့် အဆောက်အဦများ ပြင်ဆင်ပြီးပါက သင်တန်းကျောင်းအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အသင့်ပြင်ဆင်ထားရန် မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင် တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်နေသည့် ကုမ္ပဏီအား စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများနှင့် ဆရာဝန်၊ ဆရာ၊ ဆရာမများ တွေ့ဆုံအားပေးစကားပြောကြားသည်။
Post #212188
232
Forwarded from MRTV