ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန်းပြောကြား
NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်နယ်တစ်ခုသည် လူမျိုး တစ်မျိုးတည်း၏ ပိုင်ဆိုင်မှု မဟုတ်ဘဲ အဆိုပါဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဟူသည့် သဘောထားကို အလေးထားရန်လိုကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများအတွက် ဆုံးရှုံးနစ်နာမှုများကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများကိုလည်း ထိခိုက်စေခဲ့ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ် ဖြစ်ကြောင်း ပြောကြားသည်။
Website
YouTube
TikTok
X(Twitter)
Facebook
Telegram
Post #212074
413
