ငဖဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
ငဖဲ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယမန်နေ့ နေ့လယ် ၂ နာရီက ချောင်းဖြူကျေးရွာ ဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်ဇေယျထွန်း က ရပ်ရွာအေးချမ်းသာယာရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒု လက်ထောက်လဝကမှူး ဦးမျိုးမင်းကျော်က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အထားများ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဝေက လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုင်ရာသိကောင်းစရာများနှင့် ပုံစံ-၇ အမည်ပြောင်း လျှောက်ထားရေးကိစ္စများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပန်းမြတ်မွန် က မြစိမ်းရောင်မွေးမြူရေးဆိုင်ရာ အကြောင်းအရာများ၊ အယ်လ်နီညိုနှင့် မွေးမြူရေးကဏ္ဍကြိုတင်ပြင်ဆင်ရေး သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)
https://t.me/iprdrnd/211621
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211621
156
- ❤ 1
- 👍 1