ထို့နောက်ထားဝယ်ရိုးရာယဉ်ကျေးမှုသပိတ်မျှောပွဲအောင်မြင်စွာကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီးတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဦးစောမာတင်လူသာက ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ထားဝယ် သူ/သားများဦးဆောင်သော လူငယ်အဖွဲ့များက ထားဝယ်ရိုးရာသပိတ်မျှောပွဲ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)
https://t.me/iprdrnd/211467
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211468
228
- 👍 1