TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211243 391
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင် ဝမ်းစားဖူလုံမှုတိုးတက် လာစေရေး ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မျိုးစပါးဆင်းဧကရီ-၃ တင်း (၅၀၀၀)ကို အခမဲ့ဖြန်ဖြူးပေးခဲ့ပြီး ဧကပေါင်း ၃၇၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ခန့်မှန်းအထွက်နှုန်းအရ ယခုနှစ်တွင် ၁၀၄ ဒဿမ ၆၁ ရာခိုင်နှုန်းဖူလုံလာမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ ယခုအခါ ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက်ကိုလည်း ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးစားစို့ လှုံဆော်စာပါ အတိုင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆီမုန်ညှင်းမျိုးစေ့ (၅၆၅)တင်း အခမဲ့ဖြန့်ဖြူးပေးခဲ့သဖြင့် ဆီဖူလုံ မှု ၄၉ ဒဿမ ၆၅ ရာခိုင်နှုန်းဖူလုံခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း စိုက်ဧက ၇၅၀၀ ကျော် စိုက်ပျိုး ရန် လျာထားလျက်ရှိပြီး မျိုးစေ့တင်း ၅၀၀ ကိုလည်း မြို့နယ်အလိုက် အခမဲ့ဖြန့်ဖြူးပေးထားပြီး ဖြစ်ပါသည့်အတွက် အားလုံးက တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစေရေး ဝိုင်းဝန်းကြိုးစား ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အတွင်း ဆီမုန်ညှင်းတိုးချဲ့စိုက်ပျိုးကြမည့် ရပ်ကွက်/ ကျေးရွာ ၁၆ ခုမှ ဧကပေါင်း ၁၆၉၆ ကျော်အတွက် ဆီမုန်ညှင်းမျိုးစေ့များကို တောင်သူများထံ အခမဲ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

ထို့နောက် မျိုးစေ့ထုတ်မိုးစပါးစိုက်ခင်းတွင်း မျိုးကွဲပယ်ခြင်း တောင်သူသအသိပညာပေး ကွင်းသရုပ်ပြသခြင်းအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေး အဖွဲ့များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် လုံးစွတ်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ပူတာအို မြို့၏ တစ်ခုတည်းသော “ဆန်း” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်း၏ ၁၈ တန်ကျ အဆင့်မြှင့်ဆန်စက် လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေ့စဉ် ဆန်စက်လည်ပတ်နိုင်မှုနှင့် လိုအပ်သည်များကို မေးမြန်းဆွေး နွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်

https://t.me/iprdrnd/211242

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • 👍 4
More from @iprdrnd
  1. Oct 9, 2026ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ၊…
  2. Oct 9, 2026အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည…
  3. Oct 9, 2026၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်များအလိုက် အ…
  4. Oct 9, 2026မလေးရှားနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပ…
  5. Oct 9, 2026ကျောက်မျက်ခွဲခြားခြင်းပညာ အောင်လက်မှတ်သင်တန်း (၁/၂၀၂၆) သင်တန်းပြီးမြောက်ခြင်း အောင်လက်မှတ်…
  6. Oct 9, 2026ပြည်နယ်အတွင်း စားသုံးဆီဖူလုံ ပိုလျှံရေးအတွက် စားသုံးဆီဖူလုံရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →