ကချင်ပြည်နယ်ဝန်ကြီးချုပ် တောင်သူများအတွက် ဆောင်းသီးနှံ ဆီမုန်ညှင်း မျိုးစေ့များပေးအပ်၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် မျိုးကွဲပယ်ခြင်း သရုပ်ပြအခမ်းအနား တက်ရောက်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ပေးအပ်
ပူတာအို အောက်တိုဘာ ၈
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးဆီဖူလုံရေး အတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ ရောက်ရှိနေသာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက ဇီးအွန်ကျေးရွာ ပလနကွင်းသို့ သွားရောက်ပြီး ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ။ တာဝန်ရှိသူများနှင့်အတူ ဇီးအွန်ကျေးရွာအုပ်စု၊ ပလနကွင်းအတွင်း ဧရိယာအားဖြင့် ၇၂၀ ရှိသည့် အနက် မိုးစပါးစိုက်ဧက ၁၈၀ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် အဆိုပါ မိုးစပါးစိုက်လယ်များ အား ဆောင်းသီးထပ် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လုံးစွတ်ရပ်ကွက်အတွင်း မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူနေရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် စီးပွားဖြစ်မွေး မြူနိုင်ခဲ့သည့် ပိုင်ရှင် ဒေါ်ဖုန်ဇီးခေါ်ရမ်၏ ငါးကန် (၃)ကန်၌ တီလားပီးယား၊ ငါးနီ၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး စသည့် ငါးမျိုးများ စိုက်ထည့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ငါးကန်တိုးချဲ့တူးဖော်ပေးနိုင်ရေးနှင့် ငါးသားပေါက်၊ ငါးစာရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အသေးစားရေသန့်စက်ဖြင့် ရေသန့်ထုတ်လုပ်ရောင်းချမှု အား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ကြပြီး ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များ အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ချေးငွေးများ ထုတ်ချေးဆောင်ရွက်ပေးခဲ့မှုနှင့် ထပ်တိုးတင် ပြတောင်းခံလာသော လုပ်ငန်းများကို ခရိုင်စီမံခန့်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တင်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တောင်သူများအကြား ပေါင်းစပ်ဆောင်ရွက်ဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သမဝါယမအစုအဖွဲ့ဖြင့် မာမဲ့ရှီးဒီကျေးရွာအတွင်း ဒေသဝက်ကောင်ရေ ၁၉၆ ကောင် မွေးမြူရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို လည်းကောင်း၊ အောက်ဆန်ဂေါင်ကျေးရွာ၏ ဆည်နှင့် ကမ်းထိန်းလုပ်ငန်း ပြုပြင်ရေးကော်မတီအတွက် ငွေကျပ်သိန်း ၂၀၀ အား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့မှု အခြေအနေများနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ပျိုးမှုအား အတူတကွ ကြိုးစားဆောင်ရွက်ကြရေး မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ မတ်ပန်ကွင်းအတွင်း မိုးစပါးစိုက် စံပြစိုက်ကွင်းအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စားသုံးဆီ ဖူလုံမှုတိုးတက်လာစေရေး ဆောင်းသီးထပ် ဆီမုန်ညှင်းမျိုးစေ့များ ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ် စိုက်ခင်း၊ မျိုးကွဲပယ်ခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ ဒေသခံရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ စသည့် တိုင်းရင်းသားများက ရိုးာသည်။
Post #211242
290