TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #210958 242
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်

နေပြည်တော် အောက်တိုဘာ ၆
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်(Official Visit) သွားရောက်မည်ဖြစ်သည်။
 
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ မြန်မာ-မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ-မလေးရှားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စများ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။
 
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်သည်။

https://t.me/iprdrnd/210958

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
  • ❤ 3
More from @iprdrnd
  1. Oct 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေး ဆ…
  2. Oct 7, 2026သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀)ပြည့် ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ…
  3. Oct 7, 2026သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀)ပြည့် ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
  4. Oct 7, 2026ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ ရောက်ရှိ ၊ ဂုဏ်ပြ…
  5. Oct 7, 2026ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ အိမ်တွင်းစက်မှု…
  6. Oct 7, 2026ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ အိမ်တွင်းစက်မှု…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →