ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
ကလေး အောက်တိုဘာ ၄
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် ၂၀၂၆ ခုနှစ်၊ မေလအတွင်း တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီထိန်းချုပ်ထားရာမှ ပြန်လည်သိမ်းပိုက်ခဲ့သည့် ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန်မြို့များတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်းဆုံး မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ညှိနှိုင်းသည့်အစည်းအဝေးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရောက်ရှိလာသော ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့်အဖွဲ့အား ကြိုဆိုပါကြောင်းနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်းဆုံးနှင့်အထိရောက်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသူများလုံးက ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတော်သမ္မတ၏ တာဝန်ပေးအချက်အရ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယစ်ရေးရာဝင်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးက ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းမှု၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်မှုအခြေအနေ၊ အခြေခံပညာကျောင်းများနှင့် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးပစ္စည်းများ လက်ခံရရှိမှုနှင့် ဖြန့်ဝေထားရှိမှုအခြေအနေ၊ ဌာနဆိုင်ရာအဆောက်အဦ ပျက်စီးမှုအခြေအနေ၊ ထပ်မံကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ တစ်စိတ်တစ်ပိုင်းပြုပြင်ရန် လိုအပ်မှု၊ ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်/ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ရွေးချယ်အတည်ပြုထားသော ကုမ္ပဏီများ၊ ပျက်စီးသွားသည့် ပုဂ္ဂလိက နေအိမ်များနှင့်ပတ်သက်၍ ထောက်ပံ့မှုအခြေအနေ၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဆန်၊ ဆီ၊ ဆား၊ ပဲအတွက် ငွေထောက်ပံ့မှုအခြေအနေနှင့် ချင်းပြုည်နယ် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးရန်ပုံငွေ လက်ခံရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
https://t.me/iprdrnd/210677
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #210677
587
- 👍 2
- ❤ 1