နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026)သို တက်ရောက်ဆွေးနွေးပြောကြား
မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁.၆၆၂ ဘီလီယံရှိပြီး ယခုနှစ် ဩဂုတ်လအထိ ၁.၀၁ ဘီလီယံကျော်ရှိခဲ့ကြောင်း၊နဝမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း ၃၂ ခုကို ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်သမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် အနေဖြင့် သီလဝါ၊ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များရှိကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်သကဲ့သို့ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်တို့သည်လည်း အနာဂတ်တွင် မဟာ ဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများ ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Post #3075
1.21K



- 👍 30
- ❤ 12
- 🥰 1
- 💯 1