နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ဂုဏ်ပြုကြိုဆို
နေပြည်တော်၊ အောက်တိုဘာ - ၈
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြား ချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ကွာလာလမ်ပူမြိုရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ် ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Post #3082
1.61K







- ❤ 32
- 👍 13
- 🥰 3
- 👏 3
- 🏆 1