လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သည့်အခွင့်အလမ်းနှင့် အရင်းအမြစ်များ များစွာရှိပြီးဖြစ်ကြောင်း၊ ဆီအုန်း၊ ရာဘာ၊ ဒူးရင်း စသည့်နှစ်ရှည်ပင်များအနေဖြင့် အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းပြီး စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက်စေရေး စိုက်ပျိုးရေးသုတေသနများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ဒေသတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် ကိုကိုးပင်များကိုလည်း နှစ်ရှည်သီးနှံပင်များနှင့်တွဲ၍ တိုးချဲ့စိုက်ပျိုးသွားကြခြင်းဖြင့် ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ဒေသဝမ်းစာဖူလုံကိုက်ညီမှုရှိအောင် မွေးမြူထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါး ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်မွေးမြူကြမည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းထုတ်လုပ်မှုနှင့်စားသုံးမှုများ မျှတအောင်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝများတိုးတက်လာအောင် ဖော်ဆောင်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက ဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတတ်ပညာ၊ အသိပညာများ ကြွယ်ဝစေရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာစေရေး စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ GDP တိုးတက်လာစေရေး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်အတူ ခရီးသည်နှင့်လေယာဉ် ဆိုက်ရောက်ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်မည်ဖြစ်သဖြင့် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာစေနိုင်မည်ဖြစ်ကြောင်း၊ ရေး-ထားဝယ် ရထားလမ်းသစ် ဖောက်လုပ်ရာတွင်လည်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ ၂ လမ်းသွားဖြင့်ဖောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ခရီးသွားလာမှုများနှင့် ကုန်စည်ကူးသန်းသွားလာမှုများ ပိုမိုတိုးတက်များပြားလာစေနိုင် မည်ဖြစ်ကြောင်း။
Post #211945
117