မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား (၁၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ အခမ်းအနားကျင်းပ
မန္တလေး အောက်တိုဘာ ၉
မန္တလေးမြို့၊ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား (၁၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ရက်နေ့၊ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား အာရုံခံတန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။
အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ဓမ္မာစရိယစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသ အမှူးပြု၍ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာ လှကြွယ်၊ အောင်မြေသာစံခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်း(မန်းမြေရာဇာ)နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဝတ်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီးနောက် အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အရှေ့ခင်မကန်တိုက် ကထိန်တော် ဓမ္မာစရိယစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
၄င်းနောက် အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ဓမ္မာစရိယစာသင်တိုက် ပဓာနနာယက ဆရာတော်အမှူးပြုပြီး ဆရာတော်သံဃာတော်များထံ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြီးနောက် အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ဓမ္မာစရိယစာသင်တိုက် ပဓာနနာယက ဆရာတော်အမှူးပြုပြီး ဆရာတော်၊ သံဃာတော်များကို လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို လောင်းလှူခဲ့ကြကြောင်း၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား (၁၃၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းလောင်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ အောက်တိုဘာ၂၉ ရက် နံနက်ပိုင်းတွင် လေးပြင်လေးရပ်မှ ပင့်သံဃာ(၂၅၇ဝ)ပါးအား ဆွမ်းသပိတ်များနှင့် မွန်းလွဲတစ်နာရီတွင် သီလရှင်(၂၅၇ဝ)ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
MMT
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mTube Video Streaming Platform
https://mtube.gov.mm
Post #211577
449
- 👍 4
- 👏 1