TGViewer
PPIB.Official PPIB.Official @ppibofficial · 5.37K subscribers
Post #3140 833
မြန်မာ့ပေါ်ဆန်း ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award 2026) ဆုရရှိမှုအပေါ် နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေး ဗျူရိုမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း

အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ကျင်းပသော International World Rice Conference 2026 တွင် နိုင်ငံတကာ ဆန်အမျိုးအစားများ ပါဝင်ပြသခဲ့ပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့ ပေါ်ဆန်း ဆန်သည် World Best Rice Award ဆု ချီးမြှင့်ခြင်းကို လက်ခံရရှိခဲ့ပါသည်။

၂၀၁၁ ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပသော နိုင်ငံတကာဆန်စပါးညီလာခံ နှင့် ဆန်အမျိုးအစားများပြပွဲနှင့် ယှဉ်ပြိုင်ပွဲ တွင် မြန်မာ့ပေါ်ဆန်း ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award) ကို လက်ခံရရှိခဲ့၍ ယခု ရရှိမှုသည် ဒုတိယအကြိမ် ဖြစ်ပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • 👍 32
  • ❤ 14
More from @ppibofficial
  1. Oct 10, 2026"အာရတီ ဝိရတီ ပါပါ ၊ မဇ္ဇပါနာ စ သံယမော။အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံမင်္ဂလမုတ္တမံ။" ၁။မကောင်းမှု…
  2. Oct 9, 2026မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် ဂုဏ်ပြု…
  3. Oct 9, 2026လက်ချင်းယှက်ထား မြန်မာ-မလေးရှား - အပိုင်း(၂) PPIB Links Youtube | Tiktok | Telegram | Webs…
  4. Oct 9, 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံသို့…
  5. Oct 9, 2026နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →