🌎 ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day)
ကမ္ဘာ့စာပို့တိုက်နေ့ ဖြစ်ပေါ်လာပုံ
နေ့ရက် - အောက်တိုဘာလ ၉ ရက်။
သမိုင်းကြောင်း - ၁၈၇၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဘာန်မြို့၌ Universal Postal Union (UPU) ကို တည်ထောင်ခဲ့ပါတယ်။
စတင်ကျင်းပမှု - ၁၉၆၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပခဲ့သော UPU ကွန်ဂရက်တွင်အောက်တိုဘာလ ၉ ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ရည်ရွယ်ချက်- စာပို့ဝန်ဆောင်မှုတွေရဲ့ အရေးပါမှုကို လူအများသိရှိစေရန်နဲ့ စာပို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါတယ်။
ဒီနေ့ဟာ နိုင်ငံတကာစာပို့ဝန်ဆောင်မှုတွေရဲ့ အရေးပါမှု၊ စာပို့တိုက်လုပ်ငန်းတွေရဲ့ လူမှုစီးပွားရေးအပေါ် အကျိုးပြုမှုနဲ့ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအကြား ဆက်သွယ်မှုကို မြှင့်တင်ပေးတဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ အတွက် ဆောင်ပုဒ်မှာ
“One postal network, infinite possibilities”
ပဲဖြစ်ပါတယ်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Post #3127
2.13K