ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုကြောင်း နိုင်ငံတော်သမ္မတပြောကြား
ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ယင်းဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဟူသည့် သဘောထားကို အလေးထားကြရန်လိုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် နိုင်ငံတော်ကိုစိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်းမှုရရှိစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်နေသည့် တပ်မတော်သာဖြစ်စေလိုကာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများအချင်းချင်း တိုက်ခိုက်နေရသည့် တပ်မတော်မဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
Website
YouTube
TikTok
X(Twitter)
Facebook
Telegram
Post #4197
720

- ❤ 10
- 💯 3
- 👍 2
- 🥰 1