ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်နိုင်ရန် ဆိပ်ကမ်းနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် တိုးချဲ့ဆောင်ရွက်နိုင်မည့် အလားအလာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပုသိမ်၊ ရန်ကုန်နှင့် ထားဝယ်ဆိပ်ကမ်းများကို အနာဂတ်တွင် အဓိကဆိပ်ကမ်းများအဖြစ် ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ထားဝယ်ဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံတကာဖြတ်သန်းကုန်သွယ်မှု မြှင့်တင်နိုင်ရေးနှင့် ကော့သောင်းဒေသတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
Website
YouTube
TikTok
X(Twitter)
Facebook
Telegram
Post #4176
858



- ❤ 8
- 👍 1