TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211121 168
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး တို့မှဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
 
နေပြည်တော် အောက်တိုဘာ ၇
 
မလေးရှားနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား ယနေ့ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
 
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာသံရုံးသို့ရောက်ရှိလာရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
 
ထို့နောက် သံအမတ်ကြီးနှင့်စစ်သံမှူးတို့က မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုများနှင့်မိတ်ဆက်ပေးပြီး တာဝန်ထမ်းဆောင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး အာဆီယံအဖွဲ့ကြီးသည် လူမှုအသိုက်အဝန်းတစ်ခုအဖြစ် တည်ဆောက်ထားသည့်အဖွဲ့ကြီးဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်သမိုင်းကြောင်းများကို ပြန်ကြည့်မည်ဆိုပါကလည်း နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ကူးသန်းရောင်းဝယ်မှုများရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး သံရုံး၊ စစ်သံရုံးဝန်ထမ်းများအနေဖြင့် ဆက်လက်ကြိုးပမ်းထိန်းသိမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
 
မလေးရှားနိုင်ငံအတွင်း၌ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများရှိကြပြီး မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်၍ တတ်နိုင်သမျှထိန်းသိမ်း စောင့်ရှောက်ပေးသွားရန်လိုကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့၏ဘေးကင်းလုံခြုံရေးနှင့်အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံ ဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
 
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ပနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှုနှင့် ကူးလူးဆက်ဆံမှုများရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သံတမန်ရေးရာဝန်ထမ်းများအနေဖြင့် တစ်ဖက်တစ်လမ်းမှ အားဖြည့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှတင်ပို့နေသည့် သွင်းကုန်များရှိသကဲ့သို့ မလေးရှားနိုင်ငံမှလိုအပ်နေသည့် ပို့ကုန်များကိုလည်း မြန်မာနိုင်ငံမှ တင်ပို့နေရသည်များလည်းရှိသည်ဖြစ်သဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူမှုရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများအချင်းချင်း၊ ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများနှင့်ပတ်သက်၍လည်း တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း။
 
ပညာတော်သင်များ စေလွှတ်ရေးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသည်လည်း ပညာရေးပိုင်းဆိုင်ရာတွင် အားကောင်းသည့်နိုင်ငံဖြစ်သဖြင့် ပညာတော်သင်များစေလွှတ်၍ ရနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် အထောက်အပံ့ကောင်း ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
 
သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများအနေဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို လာရောက်တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပြီး မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းသွားကြရန်၊ မြှင့်တင်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
  • ❤ 1
More from @iprdrnd
  1. Oct 7, 2026တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝ…
  2. Oct 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလ…
  3. Oct 7, 2026ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA နှင့် KNPP အမည်ခံ အဖွဲ့ဝင် (၄၈)ဦးတို့အား မိ…
  4. Oct 7, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသ…
  5. Oct 7, 2026မြန်မာနိုင်ငံသို့လာရောက်၍ လက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေအနေများကို ကိုယ်တိုင်လေ့လာ၍ ရင်း…
  6. Oct 7, 2026မလေးရှားနိုင်ငံမှလုပ်ငန်းရှင်များက အသီးသီးဆွေးနွေးတင်ပြ ဆက်လက်၍ တက်ရောက်လာကြသည့် မလေးရှားန…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →