TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211116 118
မလေးရှားနိုင်ငံမှလုပ်ငန်းရှင်များက အသီးသီးဆွေးနွေးတင်ပြ
 
ဆက်လက်၍ တက်ရောက်လာကြသည့် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာဆိပ်ကမ်းလုပ်ငန်းများအပါအဝင် ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးရေးအပါအဝင် ဘက်စုံစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်နှင့်နည်းပညာကဏ္ဍ၊ သံမဏိ (Steel) နှင့် သတ္တုရိုင်းထုတ်လုပ်မှုနှင့် ထုတ်ကုန်ပစ္စည်းများအပါအဝင် ဆောက်လုပ်ရေးကဏ္ဍတို့၌ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမှု၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းမှုများဆောင်ရွက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ၊ ဒေသတွင်းနိုင်ငံများနှင့်ပတ်သက်၍ မဟာဗျူဟာမြောက်စီးပွားရေး အမြင်သုံးသပ်တွေ့ရှိမှုများ၊ မြန်မာနိုင်ငံနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှု စံသတ်မှတ်ချက်များအနေဖြင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်မှုအခြေအနေများ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် လက်တွေ့ကျသည့် အကြံပြုချက်များ၊ အလားအလာများ၊ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အကျယ်တဝင့် ဆွေးနွေးတင်ပြကြသည်။
 
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်ဆွေးနွေး
 
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများနှင့် အလားအလာများ၊ အခြေအနေများကို အဖွင့်၌ထည့်သွင်းပြောကြားခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ အခွင့်အလမ်းများနှင့် အကြံပြုချက်များ၊ သုံးသပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြဆွေးနွေးသွားကြသည်ကို အားရဖွယ်တွေ့မြင်ရပါကြောင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သည်ကို မိမိအနေဖြင့် ကောင်းစွာသိရှိ လက်ခံထားပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍လည်း ဥပဒေပြဋ္ဌာန်းချက်များဖြင့်  အာမခံချက်ပေးထားပါကြောင်းနှင့် ယုံကြည်စိတ်ချစွာဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးဖိတ်ခေါ်လိုပါကြောင်း။
 
မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးမှုများအားလုံးသည် မြန်မာနိုင်ငံ၌ အမှန်တကယ်လိုအပ်ချက်များရှိနေသည့် လက်တွေ့ကျသည့် ကိစ္စရပ်များပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေးအရ အားကောင်းလာစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ကူညီဖြည့်ဆည်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
More from @iprdrnd
  1. Oct 7, 2026တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝ…
  2. Oct 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလ…
  3. Oct 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလ…
  4. Oct 7, 2026ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA နှင့် KNPP အမည်ခံ အဖွဲ့ဝင် (၄၈)ဦးတို့အား မိ…
  5. Oct 7, 2026ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသ…
  6. Oct 7, 2026မြန်မာနိုင်ငံသို့လာရောက်၍ လက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေအနေများကို ကိုယ်တိုင်လေ့လာ၍ ရင်း…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →